မည်သည့်ဌာနကို ပြောရမည်ကို မသိဖြစ်နေကြောင်း မော်တော်ယာဉ် အသိုင်းအဝိုင်းထံမှ သိရသည်။
ယင်းကိစ္စအတွက်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနကို မေးမြန်းရာခရိုင်အုပ်ချူပ်ရေးရုံးကို မေးရန် ပြန်လည်
ပြောကြားသည်။''လောလောဆယ်တော့ ပြင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ အဖွဲ့တွေ ဖွဲ့ပြီး ပြန်စစ်ရဦးမယ်'' ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ဆိုသည်။
အဝေးပြေးဝင်းအတွင်းဝင်ရောက်
အဝေးပြေးဝင်းသည် ခရီးသည်များ ပထမဆုံး ခြေချရာနေရာဖြစ်သည့်အတွက် အဝေးပြေးဝင်းကို သန့်ရှင်း သပ်ရပ်စေရန် သက်ဆိုင်ရာဌာနများမှ လုပ်ဆောင်ပေးသင့်ပြီး မြို့၏အင်္ဂါရပ်ကို အဝေးပြေးဝင်းမှ စတင်ဖော်ပြနိုင်ကြောင်း ခရီးသည်တင်ပို့ ဆောင်ရေးလုပ်ငန်းတစ်ခုမှ ကားပိုင်ရှင်တစ်ဦးက ပြောသည်။
''ချိုင့်တွေများလို့ ခရီးသည်တွေ၊ ကုန်တွေပါတဲ့ကားတွေအနေနဲ့ ဂိတ်ထဲဝင်ရတာ ခက်တယ်'' ဟု သဇင်ကုန်စည်
ပို့ဆောင်ရေးမှ တာဝန်ခံက ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟသည်။
ဝင်းသန့်ရှင်းရေးအတွက် စည်ပင်သာယာဌာနမှ တစ်ခါတစ်လေမှသာ သန့်ရှင်းရေးလာရောက် လုပ်ဆောင်လေ့ရှိပြီး ခရိုင်မော်တော်ယာဉ်လိုင်းပေ
ထားဝယ်အဝေးပြေးကားဝင်းကို ၁၉၉၈ ခုနှစ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဌ
Mizzima News
ချိုင့်ခွက်ပေါများသော ထားဝယ်အဝေးပြေးကားဝင်းကို ပြုပြင်ရန် ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ ဆန္ဒရှိနေသည်။ (ဓာတ်ပုံ -Dawei Watch ၊ မဇ္ဈိမ)