အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် တောင်သူများ မိုးစပါးစိုက်ပျိုးရန် အခက်ကြုံ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အတွင်းရှိ တောင်သူများမှာ ယခုနှစ် မိုးရာသီကာလတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။မိုးစပါး စိုက်ပျိုးရန်အတွက် ပျိုးထောင်ချိန် ကျရောက်နေသော်လည်း မိုးရွာသွန်းမှု မရှိခြင်းကြောင့် ထွန်ယက်ရန် ခက်ခဲနေရခြင်းလည်း ဖြစ်သည်။ ယခင်နှစ်က မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့်
ဆည်ရေရရှိမှုမှာလည်း လျော့ကျသွားခဲ့ကာ နွေစပါးစိုက် တောင်သူအချို့မှာ စိုက်ပျိုးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုနှစ်တွင် ဆည်ရေမရရှိသည့် တောင်သူများမှာ မိုးရေကိုသာ အဓိကအားထား နေကြရပြီး မိုးရွာသွန်းမှု နည်းပါးခဲ့ပါက စပါးအထွက်နှုန်း လျော့ကျသွားနိုင်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

"အရင်နှစ်ကလည်း မိုးခေါင်ခဲ့တယ်။ ဒီနှစ်မှာလည်း မိုးကရွာချိန်မှာ မရွာသေးဘူး။ မိုးစပါးစိုက်ဖို့အတွက် ပျိုးထောင်ချိန်ကိုတောင် ရောက်နေပြီ။ ပျိုးထောင်ရဖို့ မပြောနဲ့ ထွန်ယက်ဖို့ကိုတောင် အဆင်မပြေသေးပါဘူး။ ဒီနှစ်လည်း မိုးဆက်ခေါင် နေဦးမယ်ဆိုရင် ဒေသခံ တောင်သူတွေ အရမ်းကျပ်တည်း သွားကြတော့မှာ ဖြစ်ပါတယ်" ဟု ပင်တင်းကျေးရွာမှ တောင်သူဦးအောင်ထွန်းက ပြောကြားသည်။

မိုးစပါး စိုက်ပျိုးရန်အတွက် သတ်မှတ်ကာလမှာ နှစ်စဉ် ဇွန် ၃ ရက်မှ ဇူလိုင် ၁၉ ရက်အတွင်း ပျိုးထောင်စိုက်ပျိုး ရမည်ဖြစ်ပြီး ယင်းကဲ့သို့ မစိုက်ပျိုးနိုင်ပါက ဈေးနှုန်း ရရှိမှု နည်းပါးပြီး အထွက်နှုန်း နည်းပါးသည့် သက်ငယ်စပါးမျိုးကိုသာ ရွေးချယ်စိုက်ပျိုး ရမည်ဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ် အတွင်းတွင် ကျေးရွာအုပ်စုပေါင်း ၆၃ အုပ်စုရှိပြီး တောင်သူလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ဆည်ရေမရရှိသည့် ကျေးရွာများမှာ မိုးရေကိုသာ အဓိကအားထား နေရပြီး ယခင်နှစ်က မိုးခေါင်ခဲ့မှုကြောင့် ကျေးရွာအနီးရှိ ကန်ချောင်းများမှာလည်း ရေခန်းခြောက်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

EMG
မိုးရွာသွန်းမှု မရှိခြင်းကြောင့် ရေခန်းခြောက်နေသည့် ခင်ဦးမြို့နယ် အတွင်းရှိ ပင်တင်းကန်ကို တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...