အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာပါဆိုတဲ့ နေနေ

ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာပါဆိုတဲ့ နေနေရန်ကုန်မြို့ Orchid Hotel မှာ ၂၀၁၃ ခုနှစ် ဇွန် ၅ ရက် နေ့လယ် ၂ နာရီက တေးသံရှင် နေနေရဲ့ တစ်ကိုယ်တော် စီးရီး ဆူးစူး သူ DVD ကာရာအိုကေ အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဆူးစူး သူ အခွေကို ဇွန်လ ၇ ရက်နေ့မှာ ဖြန့်ချိပေးသွား မယ်လို့လည်းသိရပါ တယ်။ အခွေအတွက်မျှော်မှန်းထား
တာလေးတွေ ရှိဦးမလား ဆိုတော့ ဒါကတော့ ကိုယ်ကြိုးစား ထားတာ လေးကို ပြန်တော့ အရာထင်ချင် တာပေါ့။ ကောင်းတဲ့ ရလဒ်လေးတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒီအခွေ ထဲမှာ သီချင်းအကုန်လုံး နီးပါးကြိုက် တယ်။ VCD ရိုက် တဲ့အခါမှာ အခက်အခဲကတော့ မရှိပါဘူး။ အမှတ်တရတွေကတော့ အမျိုးစုံပါပဲ။ သီချင်းတိုင်းကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ထားပါတယ်။ တစ်ခွေလုံးကြည့်ပြီး သွားရင်တော့ ပရိသတ်ကြီးလည်း ဘာလိုတယ်ဆိုတာ ဝေဖန်လို့ရပါ တယ်။ အခု အချိန်မှာ အရမ်း ပျော် ပါတယ်။ မကြာခင် အိမ်ထောင် ပြုတော့ မှာလား ဆိုတော့ "တချို့တွေ ပြောကြတဲ့ ဒီနှစ်ထဲမှာ နေနေအိမ် ထောင်ပြုမယ် ဆိုတာက ဟုတ်ပါ တယ်။

ဒီနှစ်မှာ အိမ်ထောင်ပြုဖြစ် ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆို တော့ နေနေတို့ ရှေ့နှစ်မှာ သူသင်္ဘောတစ် ခေါက်ပြီးတာနဲ့ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ အစီ အစဉ်ချထား တာတွေက အစ်မတို့ နှစ်ယောက်က ဘာသာမတူဘူး လေ။ အစ်မက ခရစ်ယာန်ဘာသာ၊ သူက ဗုဒ္ဓဘာသာလေ။ နေနေတို့က ခရစ်ယာန်ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ သူတို့ရဲ့ ဘာသာလို တစ်ခါဆောင်မယ်။ မင်္ဂလာနှစ်ခါ ဆောင်မယ်လို့တော့ စီစဉ် ထားတယ်။

ဘာသာမတူဘူးဆို တော့ ညှိနှိုင်းမှုတွေ တော့ရှိတယ်။ ဒါပေမဲ့ သူကတော့ နေနေကို အရမ်း နားလည်ပေးတယ်။ နေနေ လည်း သူ့အပေါ်နားလည်တယ်။ နှစ် ယောက်စလုံး ကတော့ အဆင် ပြေ ပါတယ်။ ကိုယ့်ဘာသာကိုယ် တော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ" လို့ ဘာသာ မတူတဲ့ကိစ္စ ညှိနှိုင်းမှုတွေနဲ့ ပတ် သက်ပြီးဖြေခဲ့ ပါတယ်။

By 8 Days

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...