မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ် မလေးရှားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနေစဉ်
မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ဌာနေပြန်ခွင့်အတွက်
လာဘ်ယူမှုများတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ
တာဝန်ခံနိုင်ကြောင်းမလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က
ဇွန် ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ဒါနဲ့ပတ်သက်လို့ အာမခံတယ်။ သံရုံးဝန်ထမ်းတွေ ပိုက်ဆံယူတယ်ဆိုတာ
ကျွန်တော်လည်း အဖြစ်မခံဘူး။ ဒီအချိန်မှာ သူတို့ဒုက္ခရောက်လို့ ပြန်တဲ့အချိန်
ပိုဆိုးတာပေါ့။ ကျွန်တော်တို့ ၀န်ထမ်းတွေလည်း မှာထားပါတယ်။
ဖြစ်လာလို့ရှိရင် သံရုံးဝန်ထမ်းက ယူတယ်လို့ တိတိကျကျ စွပ်စွဲလို့ရှိရင်
သံအမတ်ကြီးလည်း သံအမတ်ကြီး ရာထူးကနေ ထွက်သွားပါမယ်။ ကျွန်တော် အဲလောက်အထိ
အာမခံတယ်။ ရဲရဲတင်းတင်း အာမခံပါတယ်။ သံရုံးက ပါတယ်ဆိုရင် ရာထူးက
ထွက်သွားတဲ့အထိ တာဝန်ခံပါတယ်" ဟု ဦးတင်လတ်က ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုသူ တရားမ၀င် အလုပ်သမားများ
အနေဖြင့် မြန်မာသံရုံးမှ ထုတ်ပေးသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထားနှင့်
မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ဌာနေပြန်ခွင့် စိစစ်ခြင်း
စသည့်အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားကို အခမဲ့ အနေဖြင့် နေချင်းပြီး
ထုတ်ပေးလျက် ရှိနေပြီး မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ ခွင့်ပြုသော
ဌာနေပြန်ခွင့်ကို ပုံမှန်အားဖြင့် သုံးလစောင့်ဆိုင်းရမည် ဖြစ်သည်။ သို့သော်
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း၏ တောင်းဆိုချက်အရ
ရက်ပိုင်းအတွင်း ပြန်လိုသူများအတွက် သံရုံး၏ ကိုယ်စားလှယ်လွှဲ
ထောက်ခံစာဖြင့် လျှောက်ထားမှုများ စတင်ပြီးချိန်တွင် ရက်ပိုင်းအတွင်း
ပြန်နိုင်သူများ ရှိလာခဲ့သည်။ ထိုသို့ ပြန်ရန်အတွက်လည်း
ငွေကြေးကုန်ကျမှုများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပြန်သူများ၏
ပြောကြားချက်အရ သိရှိရပါသည်။
သို့သော် မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း ပြန်လိုသူ အရေအတွက်
တိုးလာချိန်တွင် ပွဲစားများကို ကြားခံထားပြီး ရက်ပိုင်းအတွင်း
ပြန်နိုင်ရန်အတွက် လာဘ်ပေးပြီး ဆောင်ရွက်နိုင်သည်ဆိုသော သတင်းများ
ထွက်ပေါ်ခဲ့သည်။
"အရင်တုန်းက သုံးလကြာတာကို ဘာမှမပြောဘူး။ ဒီလိုပဲ စောင့်ခဲ့ကြတယ်။
အခုကျတော့ သူတို့မှာ စိုးရိမ်ပူပန် စိတ်လေးတွေနဲ့ ရက်ကြာရင် သူတို့မှာ
အန္တရာယ်များ ဖြစ်မလားဆိုပြီး မြန်မြန်ပြန်ချင်တဲ့စိတ် ပေါ်လာတာကိုး။ အရင်က
ဒီသုံးလ ဆိုတာကို ဘယ်သူမှ မပြောဘူး။ အခုမှ မြန်မြန်ပြန်ချင်တာတွေ
ဖြစ်လာတယ်ဆိုတော့ သူတို့ကို (မလေးရှား) သွားပြီး စွပ်စွဲလို့လည်း
မကောင်းဘူး။ မြန်မာပြည်မှာ လိုပေါ့။ လိုင်းရှိတယ်လေ။ အဲဒါတွေက
သံရုံးနဲ့လည်း မဆိုင်ဘူး" ဟု ဦးတင်လတ်က ပြောကြားသည်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေးရုံးသို့ သံရုံး၏ ကိုယ်စားလှယ် လွှဲစာဖြင့်
ပေးပို့မည် ဆိုပါက အဆိုပါ ကိုယ်စားလှယ် လွှဲစာကို သံမှူးအဆင့်က
လက်မှတ်ရေးထိုး ရသဖြင့် အလွယ်တကူ မရရှိနိုင်ကြောင်း သိရသည်။
Eleven Journal-
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 20
(41)
- မြန်မာမိန်းကလေး ၃ ဦးကို ပြည့်တန်ဆာအဖြစ်ရောင်းချသူ ...
- ရိုးလ် ကုန်တိုက်ဟောင်း အဆောက်အအုံကို ဧရာဝတီဘဏ် ရုံ...
- "... အပါယ်ကျတတ်သော အလှူ ၁၀ ပါး ..."
- မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပ...
- မွေးနေ့ရှင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)
- သံဈေးတတိယထပ်ရှိ ဘိလိယက်နှင့်စနူကာဆိုင် ၀ါယာရှေြာ့...
- ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လ...
- ကမ္ဘာ့ အရှည်ဆုံးနှင့်အကျယ်ပြန့်ဆုံး ပင်လယ်ဖြတ်ကူး သ...
- သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
- ၂ဝ၁၄ ဖီဖာ ကမ္ဘာ့ဖလား ပွဲအတွက် နေရာ တစ်နေရာရရှိခဲ့ြ...
- ဥရောပယူ-၂၁ ချန်ပီယံဘွဲ့ စပိန် ထပ်မံ ဆွတ်ခူး
- ပျက်စီး ထားဝယ်ကားဝင်း မပြုပြင်နိုင်သေး
- နှင်းဆီခရီးသည်များ ဇွန်လကုန် စင်ကာပူ၌ ဖျော်ဖြေပွဲ ...
- မိုးအကုန်မှာ တစ်ကိုယ် တော် အခွေထွက်မယ့် သန္တာဗို
- နာဂရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေသူ နာဂတိုင်းရင်းသ...
- တရုတ်-မြန်မာချစ် ကြည်ရေးအတွက် တရုတ်ဇာတ်လမ်းတွဲ မှာ...
- တစ်ကိုယ်တော်အခွေကို အမြန်ဆုံးထွက်ချင်နေတဲ့ နန်းဆုရ...
- သီချင်းတစ်ပုဒ်က ခံစားချက်ပါမှ ရင်ထဲထိတယ်ဆိုတဲ့ ခင်...
- ပြည်ပဖျော်ဖြေပွဲတွေမှာ မြန်မာ အမျိုးသမီး စွမ်းရည်ေ...
- ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာ...
- ရာဇာနေဝင်း တစ်ကိုယ်တော် Live Show ခွေထွက်မည်
- မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်အတွက် ကြိုတင်ရင်ခုန်...
- အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားန...
- မန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွင...
- ရဲစခန်းများအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရန် ...
- ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြော...
- ကျောက်ဖြူရှိ ရခိုင်ဒုက္ခသည်များ အသက်မွေးဝမ်းကျောင်း...
- မန္တလေး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် တစ်ရက်...
- အိန္ဒိယ-မြန်မာ နယ်စပ်၌ ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားေ...
- ဘရာဇီးက ဆန္ဒပြပွဲတွေအတွက် ကျွန်တော် ၀မ်းနည်းပါတယ်--...
- ကျပ်တစ်သိန်းတန်ခံဝန်ဖြင့် တော်ဝင်အလုပ်သမများ အာမခံ...
- စစ်တွေ တက္ကသိုလ် ပတ်ပတ်လည်တွင် တဲထိုးနေထိုင်သော ဒုက...
- FEC တွေ သတ်မှတ်ကာလအတွင်း အပ်နှံ/ လဲလှယ်ရန် ထပ်မံ သ...
- ဗွေဆော်ဦး ၅ပွဲကြောင့် လှိုင်းထန်သွားနိုင်တဲ့ မိုရက...
- ထိုင်းက ဖမ်းထားသူတွေ မြန်မာပြည်က ဟုတ်မဟုတ် စစ်ဆေးမယ်
- ဒေါ်စုမွေးနေ့ကို ပြည်တွင်း၊ ပြည်ပမှာ ကျင်းပခဲ့ကြ
- တာလီဘန်အဖွဲ့နဲ့ အမေရိကန်တို့ ဒီကနေ့ တွေ့ဆုံမယ်
- ကလေးငယ် ၁၁ ဦးကို အဓမ္မပြုကျင့်သူ သေဒဏ်အမိန့်ချ
- ကဲ…ကျန်းမာရေး အမြင်နဲ့ပဲ ကြည့်ရ အောင်နော်
- မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများ မီးရှို့ဖျက်ဆီးခ...
- ဘန်ကောက်ကားပြပွဲ
-
▼
Jun 20
(41)
-
▼
June
(712)