အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

ရဲစခန်းများအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်မှ အဖွဲ့တစ်ခု ဖွဲ့စည်းထား

မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများအား ရှောင်တစ်ခင် စစ်ဆေးမှုများ ပြုလုပ်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်မှ အထူးအဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။ သတင်းပေးပို့ချက်အရ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများအတွင်း မည်သည့်အဖွဲ့အစည်းမှ သတင်းပေးပို့ခြင်းများ ပြုလုပ်ခြင်း မရှိဘဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၀င်ရောက်စစ်ဆေးမည်ဖြစ်သော
အထူးအဖွဲ့တွင် အင်အား ၁၀၀ ခန့် ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

"တိကျမှန်ကန်တဲ့ သတင်းအချက်အလက် ပေးပိုမှုတွေနဲ့ တိုင်ကြားနိုင်တယ်။ ဒါက ရဲချုပ်ဌာနက အမှန်တကယ် လုပ်ဆောင်သွားမယ်။ ပြီးရင် ဖမ်းဆီးမှုတွေလုပ်ပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်" ဟု ဒုတိယ ရဲမှူးကြီးဝင်းစိန်၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန် ၁၇ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ပထမဦးဆုံးအကြိမ် ၀င်ရောက်စစ်ဆေးခဲ့သော ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ လာဘ်စားမှုများနှင့် အဂတိလိုက်စားမှု၊ တရားမ၀င် လောင်းကစား ခွင့်ပြုမှုများနှင့် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာနှင့် ညီညွတ်မှု မရှိသည်များကို စစ်ဆေးတွေ့ရှိ ခဲ့ရကြောင်း လည်း ဒုတိယရဲမှူးကြီး ၀င်းစိန်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်း တစ်ခုခုမှ ကျင့်ဝတ်နှင့် မညီသော လုပ်ဆောင်ချက်များ လုပ်ဆောင်ပါက တိကျမှန်ကန်သော သတင်းအချက်အလက်များဖြင့် ရဲချုပ်ရုံးသို့ တိုင်ကြားသတင်းပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

EMG

နေပြည်တော်တွင် ကျင်းပခဲ့သည့် World Economic Forum တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...