အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပညာရေးဖောင်ဒေးရှင်း လှူဒါန်းမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ စစ်ဘေးရှောင်ကျောင်းသားများ တက်ရောက်နေသော ကျောင်းငါးကျောင်းအား အမျိုးသားပညာရေး ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းမည်ဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်း၏ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌ ပန်းတိုင် ဦးသန်းမောင်က ပြောသည်။
ဦးသန်းမောင်က ''အသင်းက လှူမယ့်ငွေ သိန်း ၂ဝ၊ ပန်းတိုင်စာပေက ဆယ်သိန်းအပြင်

ဒီပြင်အလှူရှင်တွေက လှူဒါန်းမယ့်
အလှူငွေတွေနဲ့ပစ္စည်းတွေကို အဲဒီမြစ်ကြီးနားက စစ်ဘေးရှောင်ကျောင်းသားတွေ တက်နေတဲ့ ကျောင်းငါးကျောင်း ကို ခွဲဝေလှူဒါန်းသွားမှာပါ။ ဇူလိုင်လဆန်းပိုင်းမှာ သွားရောက်လှူဒါန်းမှာပါ'' ဟု မဇ္ဈိမကို ပြောသည်။

ရရှိသောအလှူငွေများကို ဖောင်ဒေးရှင်းအနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် တစ်ခုလျှင် နှစ်ကျောင်းနှုန်းဖြင့်
ကျောင်း ၂၈ ကျောင်းအား သွားရောက်လှူဒါန်းရန် စီစဉ်လျက်ရှိနေပြီး သုံးကျောင်းအား ထပ်မံတိုး၍ စုစုပေါင်း
ကျောင်း ၃၁ ကျောင်းအား လှူဒါန်းသွားမည်ဖြစ်သည်ဟု ဖောင် ဒေးရှင်း၏ အတွင်းရေးမှူး ဦးကျော်မင်းခန့် က ပြောသည်။

ဖောင်းဒေးရှင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် လူတိုင်းအခြေခံပညာ တတ်မြောက်ရေးဟူသော ရည်ရွယ်ချက် အပါအဝင် ရည်ရွယ်ချက်ခြောက်ချက်ဖြင့် ပရဟိတ လုပ်ငန်းများလုပ်ဆောင်နေပြီး အသင်းလုပ်ငန်းစဉ် သုံးဆင့်ခွဲထားသည်။

ပထမအဆင့်တွင်ကျေးလက်နှင့် နယ်စပ်ဒေသရှိ အခြေခံကျောင်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်သင်ပညာရေး
ကျောင်းများ၊ မြို့ပြတွင် တည်ရှိသော်လည်း အမှန်တ ကယ်အကူအညီလိုအပ်နေသော အခြေခံကျောင်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံ ကျောင်းများနှင့် ယင်းကျောင်းများမှ ကျောင်း သူကျောင်းသားများအား ကူညီထောက်ပံ့ရန် ဖြစ်သည်။

ရန်ပုံငွေအင်အား တောင့်တင်းလာပါက ဒုတိယအဆင့်ဖြစ်သည့် ထူးချွန်ထက်မြက်သော်လည်း ပညာဆက်လက် သင်ကြားရန်အခက်အခဲရှိသော ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီအား ကူညီပံပိုးသွား ရန်ဖြစ်သည်။ တတိယ အဆင့်မှာ နိုင်ငံတ ကာတက္ကသိုလ်များနှင့်ဆက်သွယ်၍ ပညာရည်မြင့်မားသော ကျောင်းသားကျောင်းသူများအား
နိုင်ငံတကာသို့ စေလွှတ်ကာ အဆင့်မြင့် ပညာရပ်များအား သင်ကြားပေးရန်ဖြစ်သည်။အဆိုပါဖောင်ဒေးရှင်းအား ၂ဝ၁၂ ခု နှစ် သြဂုတ် ၂၁ ရက်တွင် စည်းရုံးရေးကော်မတီ စတင်ဖွဲ့စည်းကာ ၂ဝ၁၂ ခုနှစ်အောက်တိုဘာ၂၁ရက်တွင် ပထမအကြိမ်မျက်နှာစုံညီအစည်းအဝေးနှင့် လှူဒါန်းပွဲကျင်းပခဲ့ပြီး၊ ဒေးဒရဲမြို့နယ်တွင် စတင်လှူဒါန်းဖြစ်ခဲ့သည်။

Mizzima News

လှူဒါန်းငွေနှင့် ပစ္စည်းများကို စစ်ဘေးရှောင်ကျောင်းသားများ တက်ရောက်နေသည့် ကျောင်းငါးကျောင်းသို့ လှူဒါန်းသွားမည်။ (ဓာတ်ပုံ - ဖိုးဇော်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...