အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

အိန္ဒိယ-မြန်မာ နယ်စပ်၌ ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားနေ၍ မြန်မာမှ ၀က်တင်သွင်းမှု ပိတ်ပင်မည်

အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်တွင် ၀က်နားရွက်ပြာရောဂါများ လွန်ခဲ့သည့် လများမှ စတင်ဖြစ်ပွားလျက် ရှိသည်ဟု အိန္ဒိယ မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံတွင် ၀က်နားရွက်ပြာရောဂါသည် ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံမှ ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်ရှိ ဂိတ်များမှတစ်ဆင့် အိန္ဒိယသို့ ၀က်တင်ပို့လေ့

ရှိသည့်အတွက်

မြန်မာနိုင်ငံမှ တင်သွင်းလာမည့် ၀က်များအား ပိတ်ပင်သွားမည်ဖြစ်ကြောင်း အိန္ဒိယ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာ LB Sailo က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးတွင် ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ၀က်ကောင်ရေ ငါးထောင်ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

"အခုတလော သိရသလောက်တော့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှာ ပုံမှန်မဟုတ်သည့် ၀က်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ်မှာ ၀က်နားရွက်ပြာ စဖြစ်တုန်းကဆို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ၀က်ကောင်ရေ ၁

သိန်းကျော်လောက် သေဆုံးမှုတွေ ရှိခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ၀က်သေဆုံးမှုတွေက အဲဒီလောက် မများတော့ပေမယ့် ၀က်နားရွက်ပြာလို့ သံသယရှိပြီး သေဆုံးမှုတွေတော့ ရှိတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီးမှ ပြင်ပတိရစ္ဆာန် ဆေးကုဆရာဝန်က ဆိုသည်။

ဝက်များတွင် ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားပါက ကနဦး အနေဖြင့် နေမကောင်းဖြစ်ခြင်း၊ အစာမစားခြင်း၊ ၀မ်းချုပ်ခြင်း၊ အရေပြားများတွင် နီရဲလာခြင်း၊ နောက်ပိုင်းတွင် အရေပြားတွင် ပြာလာခြင်း၊ အသားတုန်ခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်း၊ ၀မ်းလျှောခြင်းများ ဖြစ်နိုင်ကြောင်းလည်း သိရသည်။

"မိမိရဲ့ခြံမှာ ပုံမှန်မဟုတ်တဲ့ ၀က်သေဆုံးမှုတွေ ရှိခဲ့မယ်ဆိုရင် နီးစပ်ရာ ဓာတ်ခွဲခန်းကို လာရောက်စစ်ဆေး သင့်ပါတယ်။ နီးစပ်ရာ ဌာနတွေကို သတင်းပေးပို့ပေးဖို့ လိုအပ်ပါတယ်" ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်ဇွန်လမှ စတင်ကာ ၀က်နားရွက်ပြာနှင့် ပတ်သက်ပြီး မန္တလေးမြို့နှင့် အနီးတစ်ဝိုက် ဒေသများတွင် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝက်နားရွက်ပြာ ရောဂါသည် ၀က်၏သုတ်ပိုး၊ မစင်နှင့် ရောဂါဖြစ်သည့်ဝက် အသုံးပြုသည့် ပစ္စည်းကို အခြားဝက်တွင် သုံးမိခြင်းနှင့် ဒေသတစ်ခုမှ တစ်ခုသို့ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ကူးစက်ပျံ့နှံ့နိုင်ပြီး ယင်းဝက်သားကို စားပါက လူတွင်ဝမ်းရောဂါနှင့် ဆက်နွှယ်သည့် ရောဂါများ ဖြစ်စေကြောင်း သိရသည်။

EMG

ဝက်နားရွက်ပြာရောဂါနှင့် ပတ်သက်၍ သုတေသနပြုလုပ်ရန် သွေးဖောက်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဒေါက်တာကျော်နိုင်ဦး)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...