အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

ကျပ်တစ်သိန်းတန်ခံဝန်ဖြင့် တော်ဝင်အလုပ်သမများ အာမခံရရှိ

ရွှေပြည်သာ တော်ဝင်သစ်အချောထည် စက်ရုံပိုင်ရှင်မှ တရားစွဲကာ ဖမ်းဆီးခံထားရသည့် မိခင်လောင်း တစ်ဦးနှင့် အခြားအလုပ်သမား(အမျိုးသမီး)လေးဦးကို ကျပ်တစ်သိန်းတန်အာမခံဖြင့် ထိမ်းသိမ်းထားရာမှ ဇွန်လ(၁၈)ရက်နေ့က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ အဆိုပါ တော်ဝင်သစ်အချောထည် စက်ရုံလုပ်သား (၁၃)ဦးအား အလုပ်ရှင်မှ ရွှေပြည်သာမြို့နယ် တရားရုံးမှ ပုဒ်မ (၄၅၂) ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ “အာမခံရတယ် ကျန်တဲ့(၃)ယောက်ကတော့ တခါတည်း
လွတ်လာတယ်။ မလဲ့လဲ့ဝင်းနဲ့ မအိဇာဖြူတို့ နှစ်ယောက်ကတော့ ကျန်တဲ့တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတဖြစ်တဲ့အတွက် နောက်ရုံးချိန်းတွေမှ အာမခံ ရမယ်။ လောလောဆယ်အခြေနေမှာ သူတို့ကို နောက်ရုံးချိန်းတွေမတိုင်ခင် ချုပ်မိန့် ရမာန်ပေးထားတဲ့ သဘော ရှိတယ်။ ထောင်ထုတ်မိန့်ပေးထားတော့ ရွှေပြည်သာတရားရုံးက အာမခံရပေမယ့် ချက်ချင်းသူတို့ အာမခံ မရဘူး။ ရွှေပြည်သာတရားရုံးကတော့ အာမခံပေးလိုက်ပြီ”ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

အာမခံရရှိရာတွင် ကျပ် ၁ သိန်းတန်ခံဝန်ဖြင့် အာမခံပေးကာ ပြန်လည်လွတ်မြောက်ခြင်းဖြစ်ပြီး မ၀င်းဝင်းတင်၊ မနော်ဖောဇင်းမယ်ဝါးနှင့် မမေသူနှင်းတို့မှ လွတ်မြောက်ခဲ့ပြီး မအိဇာဖြူ၊ နှင့် မလဲ့လဲ့ဝင်းတို့နှစ်ဦးမှာ နောက်ရုံး ချိန်းများမှ အာမခံရရှိမည်ဖြစ်ကြောင်း သိရသည်။

မလဲ့လဲ့ဝင်းက ဇွန်(၂၀)ရက်နေ့ ရုံးချိန်းတွင် အာမခံရရှိမည်ဖြစ်ပြီး မအိဇာဖြူမှာ ဇွန်(၂၁)ရက် စမ်းချောင်း တရားရုံးတွင် အာမခံရရှိပြီးပြန်လည်လွတ်မြောက်မည်ဖြစ်သည်။

မလဲ့လဲ့ဝင်းအနေဖြင့် မေလ(၂၈)နေ့၌ အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ကိုယ်ဝန် (၄)လ လွယ်ထားရသူဖြစ်ကြောင်း သိရှိရသည်။

တရားစွဲဆိုခံထားရသူမှာ (၁၃)ဦးဖြစ်ပြီး ပုဒ်မ ၁၈၊ ပုဒ်မ ၄၅၂ နှစ်ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး မေလ(၁၅)ရက်နေ့က ရွှေပြည်သာတရားရုံး၌ ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကျန်ရှိ အမျိုးသား (၈)ဦးအား အာမခံရရှိရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေကဆိုသည်။

http://myitmakhamediagroup.com/detail.php?newid=4963

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...