အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

သီချင်းတစ်ပုဒ်က ခံစားချက်ပါမှ ရင်ထဲထိတယ်ဆိုတဲ့ ခင်လေးနွယ်

ခင်လေးနွယ်က သီချင်းခွေ အတွက်စီစဉ် နေတယ်လို့ ပြောပြပြီး ကြာနေတာ ကလည်း မကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်တဲ့ အတွက် သေချာလေ့လာ သင်ယူပြီး လုပ်ဖြစ်နေတာလို့ ပြောပြပါတယ်။
သီချင်းခွေနဲ့ ပတ်သက်ပြီးလည်း “သီချင်းခွေက အတီးတွေ တော့ ပြီးသွားပြီ။ အသံသွင်းဖို့ပဲ ကျန်တော့တယ်။ ပေါ့ပ်လေး တွေများတယ်။ Snare ၊ အားတီတို့ရေးပေး ထားတာလည်းရှိ တယ်။ ကိုယ်က ကျွမ်းကျင်တဲ့အလုပ်လည်း မဟုတ်တော့ သီချင်းစသွင်းလို့ရပြီဆိုပေမယ့် အချိန်တော့ယူရ လိမ့်မယ်လို့

ထင်တယ်။ လေ့လာသင်ယူရမှာတွေလည်း အများကြီးရှိတော့ အချိန် ကြာဦးမယ်ထင်တယ်။ သီချင်းစအပ်တဲ့ အချိန်ကတည်းက အကုန်လိုက် လုပ်ရတာလေ။ နယ်တွေမှာ ရှိုးပွဲတွေဆိုဖြစ်နေပေမယ့် အပြင်မှာရှိုးဆိုရတာနဲ့ စတူဒီယိုခန်းထဲမှာ အသံသွင်းတာက တအားကွာ တယ်။ ကိုယ့်ဘာသာလုပ်တဲ့အခွေဖြစ်တဲ့အတွက် ကိုယ်စိတ်တိုင်း ကျတဲ့အထိလုပ်မယ်။ ငယ်ငယ်ကတည်းက ဘုရားကျောင်းသီချင်း တွေ ဆို နေ တာဆိုတော့ တအားကြီးစိမ်းနေတာတော့ မဟုတ်ဘူး။

ဒါပေမဲ့ ဘယ်လိုအနေအထားလုပ်ရမယ်ဆိုတော့ နားမလည် သေးဘူး။ ဘယ်အလုပ်မဆို မလုပ်တာထက်နည်းနည်းချင်း လုပ် လာရင် အထာလေး သိလာတာပေါ့။ အခွေက လုပ်နေတယ်လို့ ပြောတာလည်း ကြာနေပြီလေ။ အရင်ကဆို အခွေလုပ်တာ ဒီလောက်ဘာလို့ကြာတာလဲ၊ ၁လ၊ ၂လေ လာက်နေရင် ထွက်လို့ရ တယ်လို့ ထင်ခဲ့တာ။ အခုမှပဲသိတော့တယ်။ စိတ်ရှည်ပြီး စောင့် စေချင်ပါတယ်။ လိုအပ်တာတွေလည်း အများကြီးရှိဦးမှာပါ။ အခွေမှာက Snare၊ အားတီ၊ ကိုဖိုးကာတို့နဲ့ လည်း စုံတွဲသီ ချင်းလေးတွေပါမယ်။

သီချင်းက ခံစားချက်ပါမှ နားထောင်တဲ့ သူရဲ့ ရင်ထဲထိမှာလေ။ ဒါကြောင့် အဆိုတော်တွေ တော်တော်ချီးကျူး ဖို့ကောင်းပါတယ်။ ရင်ထဲကို ထိ အောင်ဆိုနိုင်တယ်” လို့ ပြောပြပါတယ်။ တစ်ကိုယ်တော်ခွေမ ထွက်ခင်မှာ Group အခွေ တွေမှာ ပါဝင်သီဆိုထားပြီး ဆုပန်ထွာတို့ရဲ့ အတွဲခွေ မှာလည်း တစ်ပုဒ်သီဆိုထားကြောင်း ခင်လေးနွယ်က ပြောပါတယ်။

မေမွန်မောင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...