အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 July, 2013

" Teen Choice ဆုအတွက် တေလာဆွစ်ဖ် ဆုခြောက်ဆု ဆန်ခါတင် ရွေးချယ်ခံရ "

ကန်းထရီး အဆိုတော် တေလာဆွစ်ဖ်သည် သြဂုတ်လ၌ ကျင်းပမည့် Teen Choice ဆုပေးပွဲ၌ ဆုသုံးဆုနှင့် အထက် ဆန်ခါတင် ရွေးချယ်ခံရကြောင်း သိရသည်။
Glee ရုပ်သံဇာတ်လမ်း သရုပ်ဆောင်များဖြစ်သည့်Chord Over-street ၊ Melissa Benoist ၊ Heather Benoist ၊ Heather Morris ၊ Blake Jenner နှင့် Becca Tobin တို့သည်လည်း ဆန်ခါတင် ရွေးချယ်ခံရ သူများစာရင်းတွင်

ပါဝင်ပြီး Glee ရုပ်သံ ဇာတ်လမ်းသည် စုစုပေါင်း ဆုရှစ်ဆု လျာထားခံရကြောင်း သိရ သည်။ Rebel Wilson၊ Anna Kendrick ပါဝင်သရုပ်ဆောင် ထားသည့် Pitch Perfect ရုပ်ရှင်သည် ရှစ်ဆု ဆန်ခါတင် ရွေးချယ်ခံရသည်။

ဒမ်မီလိုဗာတို (Demi Lovato)၊ မိုင်လီဆိုင်းရပ်စ် (Miley Cyrus) ၊ ဂျက်စတင်ဘီဘာ (Justin Bieber) ၊ ရီးဟားနား (Rihanna) ၊ ဆလီနာဂိုမက်ဇ် (Selena Gomez)၊ ဂျက်စတင် ဘာလိတ်(ခ်) (Justin Timberlake)၊ နစ်ကီမင်နာ့ (Nicki Minaj) စသည့် အနုပညာရှင် များသည် ဆုနှစ်ဆုနှင့် အထက် လျာထားခံရသည်။

Teen Choice ဆုပေးပွဲ အခမ်းအနားကို သြဂုတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။


Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...