မုံရွာ-ရေဦး
လမ်းမကြီးဘေး မြို့သစ်ရပ်ကွက်တွင် ရှိသော ကေတီဗီတစ်ခုကို ဇူလိုင်လ ၃
ရက်နေ့ ညဥ့်နက်ပိုင်း အချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ရှောင်တခင်
ဝင်ရောက်စစ်ဆေးစဉ် ဆိုင်အတွင်းမှ ထွက်လာသော တပ်မတော်သားအရာရှိ တစ်ဦးနှင့်
အချင်းများ ခဲ့ကြောင်း ယင်းကေတီဗီ အနီးတွင် နေထိုင်သည့် မြို့သစ်ရပ်ကွက်သား
တစ်ဦးက ဆိုသည်။
"ကျွန်တော်လည်း
အိမ်ထဲကနေ လှမ်းကြည့်နေတာ ရဲတွေက ဆိုင်ကို ဝိုင်းလိုက်ပြီး ဘယ်သူမှ
မထွက်ဖို့တားတယ်။ အဲဒီမှာ ဆိုင်ထဲကထွက်လာတဲ့ လူတစ်ယောက်က သူ့ကို
သွားခွင့်ပေးဖို့ပြောတယ်။ သူ့ကိုယ်ဘယ်သူမှတ်လို့လဲ ဆိုပြီး အော်ပြောတယ်။
တပ်က အရာရှိကြီးနဲ့ သိတယ်လို့လည်း ပြောတယ်။ သူ့ကိုယ်သူ အရာရှိလို့လည်း
ပြောတယ်" ဟု ၄င်းက ဖြစ်စဉ်အား ပြောပြသည်။
မြို့သစ်ရပ်ကွက်ရှိ
ကေတီဗီတစ်ခုကို ညအချိန်မတော် အထိ ဖွင့်လှစ်ထား သည်ဟု သတင်းပေး
တိုင်ကြားသည့်အတွက် သွားရောက်စစ်ဆေးပြီး၊ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း၊
သွားရောက် စစ်ဆေးချိန်တွင် အချိန်လွန် ဖွင့်လှစ်ထားသည်ကို တွေ့ရှိရပြီး၊
လိုင်စင်စည်းကမ်း အရ ထိရောက်စွာ အရေးယူနိုင်ရေး အတွက် စီမံခန့်ခွဲမှု
ကော်မတီထံ တင်ပြသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ
ရဲအရာရှိတစ်ဦး ကဆိုသည်။
ယင်းဆိုင်မှ မြို့သစ်ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံး ထံသို့ ဇူလိုင်လအတွက် ဧည့်စာရင်း တိုင်ကြားထားသည့်
လူဦးရေမှာ ၆၉ ဦး တိုင်ကြားထား သော်လည်း၊ စစ်ဆေးချိန်တွင် အမျိုးသား ၃၁
ဦးနှင့် အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၃ ဦးသာ တွေ့ရှိခဲ့ရကြောင်း
ရဲမှတ်တမ်းများအရ သိရသည်။
မုံရွာမြို့ပေါ်တွင် ဇွန်လအတွင်း
ကေတီဗီနှင့် အနှိပ်ခန်းတွဲ၍ လုပ်ကိုင်နေသော စက်မှုဇုန် ရပ်ကွက်အတွင်းမှ
ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ယခုဇူလိုင်လ အတွင်းတွင်
ဒုတိယအကြိမ် ကေတီဗီဆိုင်ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
05 July, 2013
ကေတီဗီ ဝင်ရောက်စစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား အရာရှိတစ်ဦး အချင်းများ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
July
(52)
-
▼
Jul 05
(21)
- ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ
- အချုပ်ခန်းအတွင်း ချောင်းဆိုးပျောက်ဆေးသွင်းသူ အမျို...
- ကေတီဗီ ဝင်ရောက်စစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တပ်...
- ဆရာကြီး သခင်ကိုယ်တော်မှိုင်း အောက်မေ့ဖွယ်အခမ်းအနားက...
- " Teen Choice ဆုအတွက် တေလာဆွစ်ဖ် ဆုခြောက်ဆု ဆန်ခါတ...
- မြန်မာ့ပြောင်း ဂျပန်ဝယ်ရန် စတင်ကမ်းလှမ်း
- ဂျပန်နိုင်ငံမှ လေးထောင့်ဖရဲသီး
- ယာဉ်အန္တရာယ် ကင်းရှင်းရေး အရှိန်ထိန်း အချက်ပြမီးဝါ ...
- ကော်ရှူခြင်း ကာကွယ်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပိ...
- သင့်ကိုယ်နံ့ သင်းပျံ့နေအောင်
- မန်ယူနည်းပြ အဖွဲ့တွင် ဂစ်နှင့် ဖီးလ်နဗီး ပါဝင်လာခဲ့
- “အလွန်ရှားပါးသော တရုတ်တံဆိပ်ခေါင်း ဟောင်ကောင်ဒေါ်လာ...
- ဆေးခြောက်မှုနဲ့ အဖမ်းခံရတဲ့ ရဲတိုက်ကို ဆာတိုရီ လက်တ...
- OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ...
- သတင်းပုံရိပ်၊ သတင်းလူသား သို့မဟုတ် လူမင်းပုံရိပ် အ...
- မက်ဆီကို ရောင်းထုတ်ရန် ဘာစီလိုနာ အတွက် လုံးဝ မဖြစ်...
- မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် ၁ သန်းကျော်ပြီလို့ ...
- “Glamour အတွက် One Direction နှင့် ရိုစီဟတ်တင်ဂမ်တ...
- မန်ယူတောင်ပံကစားသမား နာနီကို ရိုးမား စိတ်ဝင်စား
- ဆီဗီးလားတိုက်စစ်မှူး နီဂရီဒိုကို ခေါ်ယူရန် မန်စီးတီ...
- လိင်လုပ်သားတချို့ရဲ့ဘ၀ ငရဲခန်းတမျှလေလား
-
▼
Jul 05
(21)
-
▼
July
(52)