မန်ချက်စတာ
စီးတီးအသင်း၏ မန်နေဂျာသစ် မန်နျူရယ်လ် ပယ်လီဂရီနီသည် ဆီဗီးလား
တိုက်စစ်မှူး အယ်လ်ဗာရို နီဂရီဒိုကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
အသင်းမှ ကားလို့စ်တီဗက်ဇ် ထွက်ခွာသွားပြီးနောက် ၎င်းနေရာကို အစားထိုးရန်
ကစားသမားသစ် ရှာဖွေနေသည့် ပယ်လီဂရီနီသည် နီဂရီဒိုကို ချိတ်ဆက်လာခြင်း
ဖြစ်သည်။အသက်(၂၇)နှစ်ရှိ
စပိန်လက်ရွေးစင်သည် အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့ရန်
စီစဉ်ခဲ့သေးသော်လည်း ဆီဗီးလားက ပြည်တွင်းပြိုင်ဘက် အသင်းထံ
သွားရောက်ပါက
ခေါ်ဈေး စတာလင်ပေါင် (၂၁.၅)သန်းကို လျှော့မပေးနိုင်ဟု တင်းခံနေခြင်းကြောင့်
ဆွေးနွေးမှု ပျက်ပြယ်ခဲ့သည်။
ယခုအခါ မန်စီးတီးက နီဂရီဒိုကို
ပေါင်စတာလင် (၁၈)သန်း ဝန်းကျင်ဖြင့် စတင်ကမ်းလှမ်းရန် စဉ်းစားနေသည်။
မန်စီးတီးသည် ယခုနွေရာသီ ဈေးကွက်တွင် ဆီဗီးလား တောင်ပံလူ ဂျီးဆက်စ်
နာဗက်စ်ကို ခေါ်ယူထားပြီး ဖြစ်ကာ ကလပ်အသင်း နှစ်ခုကြားတွင်လည်း
ကောင်းမွန်သော ဆက်ဆံရေး ရှိနေသည်။
ပယ်လီဂရီနီသည် မာလာဂါ နည်းပြအဖြစ် တာဝန်ယူစဉ် ကတည်းက နီဂရီဒိုကို ကမ်းလှမ်းဖူးသော်လည်း မအောင်မြင်ခဲ့ချေ။
မန်စီးတီးတွင် တီဗက်ဇ်ထွက်ခွာသွားသည့်နောက်
တိုက်စစ်မှူးဟူ၍ ဆာဂျီယို အဂူရိုနှင့် အီဒင်ဂျက်ကိုတို့သာ ကျန်တော့ရာ
ယင်းနယ်ပယ်အတွက် အားဖြည့်ဝယ်ယူမှုများ လိုအပ်နေသည်။ မန်စီးတီးသည် ဘင်ဖီကာ
အသင်းမှ အော်စကာ ကာဒိုဇို၊ ဘိုင်ယန်မြူးနစ်မှ မာရီယိုဂိုမက်ဇ်နှင့်
နာပိုလီမှ အီဒင်ဆန် ကာဗာနီတို့ကိုလည်း ဆက်သွယ်လျှက်ရှိသည်။
Planet Myanmar Network