အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 July, 2013

သတင်းပုံရိပ်၊ သတင်းလူသား သို့မဟုတ် လူမင်းပုံရိပ် အပိုင်းအစကောက်ကြောင်း

အနုပညာခြေလှမ်း အစနှင့်လူမင်း

ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက “အပြန်လမ်းမှ ချစ်မေတ္တာ” နိုင်ငံတော်အကျိုး ပြုဇာတ်ကားကိုစသရုပ်ဆောင် ဖြစ်ခဲ့တယ်။ အဲဒီ ဇာတ်ကားမှာ ကဖြတ်လျှောက် အဆင့်လောက်ပဲ ပါဝင်ခွင့်ရခဲ့တယ်။ဒီဇာတ်ကားက ဘဝရဲ့ ပထမဦးဆုံးဇာတ်ကားဖြစ်တဲ့အတွက် အမှတ်တရများတယ်။ ထင်သာမြင်သာရှိတဲ့ အမှတ်တရက ကျွန်တော်နေတဲ့ အောင်ပန်းမြို့မှာ ဒေသခံပရိသတ်တွေက အားပေးခဲ့ကြတယ်။ဝင်ငွေစံ ချိန်တောင်ချိုးခဲ့တယ်။ ကိုယ်မြို့က လူကဒီလို ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ် ဆောင်တယ်ဆိုတော့

အားပေးတဲ့သဘောပါ။

ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတဲ့အခါကျတော့ သူငယ်ချင်းတွေက ပြောကြတာက ငါတို့မြို့သားပါတယ်ဆိုလို့ သွားကြည့်ပါတယ်။ တောက် တစ်ချက်ခေါက်ပြီး သေသွား တယ်လို့ စကြတယ်။ ရိုက်ကူးတုန်းကတော့ စကားပြောခန်းတွေ အများကြီးရိုက်ပေမယ့် ပိတ်ကားပေါ် ရောက်သွားတဲ့ အချိန်မှာအသံဆို လို့ တောက် ခေါက်သံပဲပါ သွားတယ်။ ဆရာ ဦးအောင်မြင့်မြတ်ရိုက်ကူးတဲ့ ” မြတ်နိုးတွယ်တာ ချစ်ရပါသောမောင်” ဇာတ်ကားကျမှ ပရိသတ်က သတိထားမိသွားတာပါ။

ဒီဇာတ် ကားမှာ ရန်အောင်၊ ရဲအောင်၊ မို့မို့ မြင့်အောင်တို့နဲ့သရုပ်ဆောင် ရတယ်။အဲဒီဇာတ်ကားမှာ တော်တော်လေးလုပ်ကွက်ရတဲ့နေရာက သရုပ်ဆောင်ခဲ့ရတယ်။ အမှတ်တရအနေနဲ့ နယ်မှာပဲ နေပြီးရန်ကုန်မှာအခြေမချခင်ကာလ အစ်မအိမ် ၅မိုင်မှာနေခဲ့တယ်။ မြို့ထဲသွားရင် ဘတ်စ်ကားကအခုလောက်လည်း မကျပ်သေးဘူး။ ဘယ်သွားသွား ဘတ်စ်ကား နဲ့ပဲသွားတယ်။တစ်ရက်ဖြစ်ချင်တော့ နဝဒေးရုပ်ရှင်ရုံမှာ အဲဒီ ဇာတ်ကားကြည့်ပြီးတက်လာတဲ့ ပရိသတ်ကဘတ်စ်ကားပေါ်မှာ တွေ့တဲ့အခါ အငြင်းပွားနေကြတယ်။ဒီလိုဇာတ်ကားမှာ သရုပ်ဆောင်တဲ့သူက ဘတ်စ်ကားတိုး စီးပါ့မလားစသဖြင့် ငြင်းနေကြတာကို အကုန်ကြားနေရတယ်။ အဲဒီအချိန် စိတ်ထဲမှာ ရှက်တာလား၊ ဘာဖြစ်တာလဲဆိုပြီး မျက်နှာတစ်ခုလုံးထူပူနေတာပဲ။ အဲဒီဇာတ်ကားထဲမှာ မို့မို့မြင့်အောင်ပါးရိုက်တဲ့ ဇာတ်ဝင်ခန်းပါတယ်။ ရုပ်ရှင်ရဲ့ သဘောကို နားမလည်သေးဘူး။ ၃၊ ၄ ချက် လောက်တကယ်အရိုက်ခံခဲ့ရတယ်။ အဲဒီအချိန်မှာအမေကငါ့သား ရုပ်ရှင်မင်းသားမလုပ်နဲ့တော့လို့ မျက်ရည်ဝဲပြီး ပြောခဲ့ဖူးတယ်။

ဒုတိယမင်းသားဘဝနှင့်လူမင်း

အဲဒီအချိန်တုန်းက အနုပညာလောကမှာ ဒီလိုမျိုး ဒုတိယမင်းသားနဲ့ အသားကျသွားတဲ့ သူကခေါင်းဆောင်မင်းသား ဘယ်တော့မှ မဖြစ်ဘူးဆိုတဲ့ အစွဲတွေရှိခဲ့တယ်။ ဒါပေမဲ့အားမလျောခဲ့ဘူး မဖြစ်ဖြစ် အောင်ကြိုးစားခဲ့တယ်။ ဒုတိယမင်းသားဘဝနဲ့ နှစ်အတော်ကြာ သရုပ်ဆောင်ခဲ့ရပြီး ၁၉၉၈ ခုနှစ်မှာ ထားဝယ်ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးက ခေါင်းဆောင်မင်းသားအဖြစ် ဇာတ်ကား ၂ဝ စာချုပ်ချုပ်ခဲ့တယ်။ ကိုယ်တိုင်က မင်းသားဖြစ်ချင်တဲ့ သူဆိုတော့ အဲဒီမတိုင်ခင်က ပရိုဂျူ ဆာတွေကခေါင်းဆောင်မင်းသား ပေးတင်ဖို့မျက်စိကျခဲ့ကြတယ်

ကျန်စစ်မင်းနှင့်လူမင်း

ကျန်စစ်မင်း ဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာ ကိုယ်ကဈေးကွက်တော်တော်ဝင်နေတဲ့ မင်းသားတစ်ယောက် ဖြစ်နေတယ်။ ဆိုလိုတာက ကိုယ့်အိတ်ထဲက အရင်းနှီးစိုက် ထုတ်ပြီး ရိုက်စရာအကြောင်းမရှိဘဲ သူများပိုက်ဆံယူပြီး ရိုက်ရုံပဲလေ။ အဖေကနောက်ကျမှလုပ်တာ မကောင်းဘူး။ ဟိုးအရင်က ဦးကျော်ဆွေတို့လို မင်းသား၊ ကုမ္ပဏီပိုင်ရှင်၊ ဒါရိုက်တာ ဖြစ်စေချင်တယ်။ မင်းသားဘဝကနေ ရုပ်ရှင်ကုမ္ပဏီ ထောင်ဖို့ လျှောက်တဲ့အခါ လိုင်စင်ကျတယ်။ ကိုယ့်ရဲ့ကုမ္ပဏီက ဘယ်လို ဇာတ်လမ်းမျိုး ရိုက်ကူးမလဲဆို ပြီး အမျိုးစုံစဉ်းစားတယ်။ ကိုယ် က ကျန်စစ်မင်းနဲ့ ပတ်သက်ပြီး ဘဝမှာထူးဆန်းတာလေး တွေရှိ ခဲ့တယ်။ကိုယ့်အဖေဆိုရင် ဘုရား အပျက်တွေ ကိုပြန်တည်တဲ့အခါ ဘယ်သူတည်ထားတဲ့ဘုရား မှန်းမသိဘူး။ ဒါပေမဲ့ ကျန်စစ်မင်း တည်တဲ့ဘုရားတွေဖြစ်နေတာ များတယ်။ ဘာသာရေးအရ လည်းတိုက်ဆိုင်မှုတွေ ရှိနေတယ်။

ဒါနဲ့ကျန်စစ်မင်းအကြောင်း ရိုက်ဖို့ အကြောင်းပါလာတယ်။ ပထမ ဒါရိုက်တာလုပ်ဖို့ အစီ အစဉ်မရှိဘူး။ တဖြည်းဖြည်းနဲ့ အနုပညာလောဘကြီးတာလည်း ပါတယ်။လုပ်ချင်တာတွေ တအား များတော့ အပြင်ဒါရိုက်တာနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး လေ။တစ်နေ့ကျရင် ကိုယ်တိုင် ဒါရိုက်တာလုပ်မယ်ဆိုတဲ့ စိတ် ကူးကလည်းရှိတော့ အခက်အခဲ ဆုံး စာမေးပွဲကို ဖြေကြည့်ခဲ့တာ ပါ။ ကျန်စစ်မင်း ဇာတ်ကားရုံ မတင်ခင် စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ ရတယ်။ ဘဝမှာ အခက်အခဲ၊ အတိုက်အခံ အမြဲတမ်းကြုံရတဲ့ ဇာတာပါတယ်။ ဘယ်တော့မှ အဆင်ပြေပြေ ဖြစ်သွားတာမျိုး မရှိဘူး။ ဒီဇာတ်ကား ရုပ်ရှင်ရုံ ပေါ်မရောက်ခင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်တဲ့အတွက် ရုပ် ရှင်ရုံကပရိသတ်တွေ လာမကြည့် ကြဘူး။ ဒါတွေဖြစ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက်နေတော့ ရုံတင်ရ တယ်။ဒါပေမဲ့ ဒီဇာတ်ကား ရုံ တင်တဲ့အခါ မျက်ရည်တောင်ကျ ခဲ့ရတယ်။ ပရိသတ်ကတော် တော်အားပေးခဲ့တယ်။ ဒီဇာတ် ကားရုံတင်ပြီး တစ်ပတ်အကြာ မှာအမေဆုံးသွားခဲ့တယ်။အဲ ဒီလို မျိုးဘဝကဖြတ်သန်းခဲ့တဲ့ သမိုင်း ကြောင်း ကိုပြန်ကြည့်ရင် အခက် အခဲကနေရာတိုင်းမှာ ရှိခဲ့တယ်။

ဘာသာတရားနှင့်လူမင်း

ဘာသာရေးဆိုတာ လေးလေးနက်နက်မသိခင် အချိန်ကတည်းကမိဘတွေက ဘုရား တည်တာတို့၊ ကျောင်းဆောက်တာတို့စတဲ့ကုသိုလ် ကောင်းမှု တွေလုပ်တယ်။ အဲဒီ ကုသိုလ် ကောင်းမှုတွေကငယ်ငယ်လေး ထဲက ယဉ်ပါးနေတယ်။ ဘုရား တည်တဲ့ဆိုလည်း အုတ်တွေ သယ်၊ သဲတွေသယ်တဲ့ဟာတွေ လုပ်တယ်။ အဓိဋ္ဌာန်ဝင်ဆိုလည်း တစ်နေ့ပုတီး ဘယ်နှပတ်စိပ် ဆိုလည်း စိတ်ပါ လက်ပါစိပ်ခဲ့ တယ်။အနုပညာအလုပ်ကို လုပ် တော့ ဘာသာရေးကိုပိုလုပ်ဖြစ် သွားတယ်။ကိုယ့်မှာက အားကိုး လည်းမရှိဘူး။ငွေထုပ် ပိုက်ပြီး ဝင်လာတာလည်း မဟုတ်ဘူး။ ကျောထောက် နောက်ခံလည်း မရှိတဲ့အခါကျတော့ အဖေရဲ့ အဆုံးအမအတိုင်း လူဆိုတာ တစ်နေ့မှာ ဥစ္စာရရင်ရ၊ မရရင် ပညာရ၊ မရရင် ကုသိုလ်တော့ ရရမယ်ဆိုပြီး ဘာသာရေးပဲ လုပ်ခိုင်းတယ်။ဒါကြောင့် ဘာသာ တရားအားကိုးနဲ့စပြီး ခေါင်း ဆောင်မင်း သားဖြစ်တော့ လည်း သဘာဝကျကျ မိတ်ကပ်မလိမ်း ဘူး။ မှန်မကြည့်ဘူး။ ခေါင်းမဖြီး ဘူး။အမူအရာတွေပဲလုပ် မယ် ဆိုပြီး အားတင်းပြီး လာခဲ့ကြ တာ။တိုက်ပေါ်ကခုန်ချဆို လုပ် လိုက် တာပဲ။ဘာပဲဖြစ်ဖြစ်သရုပ် ဆောင်ကောင်းဖို့ပဲ အားသာခဲ့ တယ်။အဲဒီခေတ်ကမင်းသား တွေ ကချောမှလှမှ ဖြစ်နေတဲ့ အချိန် ကိုယ်ကမုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး တွေနဲ့ကြမ်းကြမ်းတမ်းတမ်း ရိုက် ခဲ့တဲ့အတွက်ပရိသတ်က သဘာဝ ကျတယ်လို့ မြင်ကြတာပါ။

အိမ်ထောင်သည်ဘဝနှင့်လူမင်း

ကိုယ့်ဘဝမှာ ဘယ်အရာ ကိုမှ လက်လွတ်စပယ် မဖြတ်သန်းခဲ့ဘူး၊ အစီအစဉ်လေး ရှိ တယ်။ ဥပမာ-ဘယ်နှစ်၊ဘယ်အပိုင်း အခြားလောက်မှာ ကိုယ်ပိုင်အိမ်လိုဟာမျိုးနဲ့ အသက်မွေးဝမ်း ကျောင်းအာမခံချက်ရှိတဲ့ အလုပ်ရပြီးဖြစ်ရမယ်။ အသက် ၃၅နှစ် ဆို အိမ်ထောင်ပြုရမယ့် အရွယ် ဆိုပြီး မှန်းထားတာမျိုးတွေ ရှိ တယ်။ အဲဒီအချိန်မှာ အနုပညာ လောကမှာ မင်းသားတွေ အိမ် ထောင်ပြုလိုက်ရင်ဆန်းကျသွား တာမျိုးတွေရှိတယ်လို့ ခံယူကြ တာများတယ်။ကိုယ်ခံယူတာက ပရိသတ်အစစ်ဆိုတာက အနု ပညာကိုပဲအားပေးတာလေ။ ဒါ ကြောင့် ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်ဖြစ်သွားတယ်။ အဲဒီ အတွက်အောင်မြင်မှုနဲ့ ကံစပ်တယ်ပဲပြောရမလား၊အနုပညာ ကပိုအောင်မြင်လာတယ်။ ၂ဝဝ၄ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တယ်။ ဘဝမှာအခက်အခဲတွေက အမြဲ ရှိခဲ့တယ်။ အိမ်ထောင်ပြုပြီးပြီး ချင်း ကလေးမရနိုင်ဘူးဆိုတဲ့ဟာ မျိုးထိဖြစ်သွားတယ်။ ပထမသမီး လေးကခက်ခက်ခဲခဲရယူခဲ့ရတယ်။ တော်တော်ရှားပါးမယ်ထင်ခဲ့ တယ်။မမျှော်လင့်ဘဲ သားလေးကျ တော့ သဘာဝအတိုင်း ရခဲ့တယ်။ သားတစ်ယောက်၊ သမီးတစ် ယောက်နဲ့တင် မိသားစုဘဝက ပြည်စုံခဲ့တယ်။ ကိုယ့်ရဲ့အဖေအပေါ် ထားတဲ့မေတ္တာကို သိလာတယ်။ ကိုယ်သားဘဝကလည်း မိဘ မေတ္တာကို သိတတ်တဲ့သားတစ် ယောက်လို့ ခံယူတယ်။ သိတတ် အောင်လည်း ကြိုးစားတယ်။ တကယ်တမ်းကိုယ်တိုင် အဖေ ဖြစ်လာတော့ ကိုယ့်သားဘဝက သိခဲ့တာကတကယ်မပြောလောက် တဲ့ပမာဏလောက်ပဲ သိခဲ့တယ် ဆိုတာကိုယ်ချင်းစာ မိလာတယ်။ ပထမဦးဆုံးသမီးလေးမွေးတော့ နာမည်ပေးဖို့ တောင်စဉ်းစားခဲ့ရ တယ်။ ကိုယ့်သားသမီးကို သူတို့ ဘဝမှာအဖေပေးခဲ့တဲ့ နာမည် ကိုပိုင်ဆိုင်စေချင်တယ်။ နာမည် တစ်လုံးအမွေပေးခဲ့စေချင်တယ်။ အဲဒါကြောင့်လေးလေးနက်နက် ထားခဲ့တယ်။ အမျိုးစုံစဉ်းစားပြီး နောက်ဆုံးတော့ ကိုထူးအိမ်သင်ရဲ့ ဧရာဝတီ သီချင်းဆိုမိတယ်။

အဲဒီအချိန်ခေါင်းထဲမှာ လက်ခနဲပေါ်လာတာက ဧရာဝတီနဲ့ ကိုယ့်နာမည်ကိုနောက်က ပေါင်းစပ်ပြီး ပေးဖြစ်သွားတာ။ ဧရာဝတီက မြန်မာနိုင်ငံရဲ့ အဓိကအ သက်သွေးကြောကြီး၊ ရာဇဝင်များရဲ့သတို့သမီးလို့လည်း တင်စားခေါ်ဝေါ်ကြတော့ အမျိုး သမီးနာမည်နဲ့လိုက်ဖက်တယ်။ သားနာမည်က ဧဝရတ်လူမင်းကျတော့ လည်း သားမမွေးခင် ဒီ နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်လူမင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသမိုင်းမှာ ကိုယ်က အသက်အငယ်ဆုံးဥက္ကဋ္ဌ။ အနုပညာ အလုပ်တွေ ဆက်တိုက်လုပ်နေ တဲ့ သူတစ်ယောက် ဥက္ကဋ္ဌဖြစ် တာမျိုးလည်း မရှိခဲ့ဘူး။ အမှု ဆောင်အဖွဲ့ရဲ့ သက်တမ်းအရ ၁ဝလလောက်ပဲ တာဝန်ထမ်း ဆောင်ရမှာ။ ကိုယ်တို့ ရုပ်ရှင် လောကအတွက် ဒီနေရာက တကယ်လည်း လိုအပ်နေတယ်။ တာဝန်ယူဖို့အတွက် နာယက ကြီးတွေနဲ့ တိုင်ပင်ပြီး လက်ခံ လိုက်တယ်။ လွယ်လွယ်ကူကူ လက်ခံလိုက်တာမျိုး မဟုတ်ဘဲ အများကြီးရင်ဆိုင်ရမယ့် အပိုင်း တွေလည်းရှိတယ်။ ဒီရုပ်ရှင်လော ကအတွက်အတတ် နိုင်ဆုံးကောင်း ကျိုးပြုခွင့်ရတဲ့အတွက် သူတော် ကောင်းတွေ သာဓုခေါ်ဆိုနိုင်မှာ ပါ။တရားသဘော အရပြောရ ရင် သူယုတ်တစ်ရာကဲ့ရဲ့ဖို့ထက် သူ တော်ကောင်းတစ်ယောက် ချီး မွမ်းအတွက်တော်တော်ခက်ခဲပါ တယ်။စိတ်ကို ရှင်းရှင်းထားပြီး အကောင်း ဆုံးဖြစ်အောင်ဆောင်ရွက်သွားမှာပါ။
http://popularmyanmar.com/

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...