အလုံးအရင်းနှင့် ရောင်းချသင့်ကြောင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ပြီးခဲ့သည့် (၄) နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရယူထားသူ ဖြစ်သည်။
ပီကေးကမူ "ကျွန်တော်တို့ဟာ ဘာစီလိုနာနဲ့ ပတ်သက်ပြီး ခရိုက်ဖ်က ဘာပြောလေ့ရှိတယ် ဆိုတာကို အမြဲလိုလို တလေးတစား နားထောင်နေလေ့ ရှိပါတယ်။ သူဟာ အသင်းမှာ နည်းပြ အနေနဲ့ရော၊ ကစားသမား အနေနဲ့ပါ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ကလပ်အတွက် အကောင်းမြင် အကြံပြုမှုတွေ သူပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ မက်ဆီဟာ အသင်းမှာ အထိပါး မခံနိုင်တဲ့ ကစားသမားမျိုးပါ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ပြီး အသင်းအတွက် အများကြီး လုပ်ပေးခဲ့သူပါ။ သူမရှိတဲ့ ဘာစီလိုနာ အသင်းကို စိတ်ကူးကြည့်ဖို့တောင် ခက်ပါတယ်" ဟု ပြောဆိုခဲ့သည်။
၎င်းက "ဘာစီလိုနာဟာ မက်ဆီလို ကစားသမားကို ဝန်းရံပြီး တည်ဆောက် သင့်တာပါ။ မကြာသေးခင် နှစ်တွေကလည်း လက်တွေ့ပဲ ဖြတ်သန်းခဲ့ပြီးပါပြီ။ မက်ဆီဟာ ဘာစီလိုနာအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ အားလုံး အသိပါ။ သူ့လို ကစားသမားကို အသုံးမပြုချင်ဘူးဆိုရင် ရူးမိုက်တာမျိုး ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်ကို အသင်းမှာ မရှိစေချင်ဘူး ဆိုတာက လုံးဝ အဓိပ္ပါယ် မရှိပါဘူး" ဟုလည်း မှတ်ချက်ပြုသွားသည်။
http://