အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 July, 2013

ယာဉ်အန္တရာယ် ကင်းရှင်းရေး အရှိန်ထိန်း အချက်ပြမီးဝါ နှင့် ကြေးမုံခုံးများ တပ်ဆင်

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်မြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် အမှတ်(၅၂) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ ၊ မြိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် အတူ အရှိန်ထိန်း အချက်ပြ မီးဝါတိုင်များ နှင့် ကြေးမုံခုံးတို့ တပ်ဆင်ခြင်း လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ မြိတ်မြို့၊ ရွှေပေးလမ်းဆုံ ၊ တောရကျောင်း လမ်းဆုံ ၊ ပိတောက်ပင် လမ်းဆုံ ၊ ကန်ဖျားမြေနီ
လမ်းဆုံရှေ့တို့တွင် အရှိန်ထိန်း အချက်ပြ မီးဝါတိုင် ၈ ခုနှင့် ဗိုလ်ချုပ်ကြေးရုပ် ရှေ့တွင် ကြေးမုံခုံး ၁ ခုတို့အား ယာဉ်အန္တရာယ် ကင်းရှင်းစေရေး တပ်ဆင် ပေးခဲ့ပြီး မြိတ်တောင် ကျေးရွာအုပ်စု ၊ ဘုရားကိုင် လမ်းဆုံ နှင့် ဆိပ်ငယ်ရပ်ကွက် နာရီစင်အနီး တို့တွင် အရှိန်ထိန်း အချက်ပြ မီးဝါတိုင် ၃ ခုနှင့် ကြေးမုံခုံး ၄ ခုတို့ကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ ဆက်လက်တပ်ဆင် လျက်ရှိကြောင်း သိရှိရသည်။

http://pyichit-thar.blogspot.com/2013/07/blog-post_5.html

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...