အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 July, 2013

မန်ယူတောင်ပံကစားသမား နာနီကို ရိုးမား စိတ်ဝင်စား

မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီကို ခေါ်ယူရန် အီတလီ စီးရီးအေကလပ် ရိုးမားအသင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး ယခုနွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာမည်ဟု ယူဆရသည်။၎င်းသည် ပြီးခဲ့သည့် ရာသီက ဒဏ်ရာ ပြဿနာများကြောင့် ပွဲများများ မကစားခဲ့ရသလို မန်နေဂျာသစ် ဒေးဗစ် မိုယက်စ်၏ စိတ်ကြိုက် ကစားသမားလည်း ဖြစ်လာမည့်
အခြေအနေ မရှိရာ အသင်းပြောင်းရန် အလားအလာ များနေသည်။ နာနီကို ပြင်သစ် တန်းတက်ကလပ် မိုနာကိုက ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားပြီး တူရကီကလပ် ဂါလာတာဆာရေးကလည်း စိတ်ဝင်စားနေသည်ဟု ယုံကြည်ရသည်။

ယခုအခါ ရိုးမားအသင်းကလည်း နာနီကို နှစ်သက် သဘောကျလာသည့်နောက် အဆိုပါ ကစားသမားအတွက် ကလပ်(၃)ခု အားပြိုင်ရမည့် အခြေအနေ ရှိလာသည်။ ယူနိုက်တက်သည် နာနီအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် (၁၂)သန်းမျှ ရရှိရန် မျှော်လင့်နေသည်။

ယူနိုက်တက်သည် ယခုရာသီ အဓိက ကစားသမား နှစ်ဦးအဖြစ် နာနီနှင့် ဝိန်းရွန်နီတို့၏ အနာဂတ်အတွက် အဖြေရှာရန် လုပ်ဆောင်နေရသည်။ တိုက်စစ်မှူး ရွန်နီအနေဖြင့် မိုယက်စ်နှင့် ဆွေးနွေးရန် စီစဉ်ထားမှုမှာလည်း လတ်တလောတွင် ခေတ္တ ရွှေ့ဆိုင်းထားကြောင်း သိရှိရသည်။
Planet Myanmar Network

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...