အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

23 May, 2013

GSP အတိအကျ မသိရ၍ ပြင်သစ်ကုမ္ပဏီ ဆုံးဖြတ်ချက် မချနိုင် ဖြစ်ရ

မြန်မာနိုင်ငံမှ ရေထွက်ကုန်များ ဝယ်ယူရန်အတွက် ပြင်သစ်နိုင်ငံ အခြေစိုက် ကုမ္ပဏီ တခုက လာရောက်ဆွေးနွေးရာတွင် ဥရောပသမဂ္ဂ က ပေးမည့် အခွန် သက်သာခွင့် (GSP) ဆုံးဖြတ်ချက်အား တိတိကျကျ မသိရသေးသဖြင့် မည်၍မည်မျှ ဝယ်ယူမည်ကို အပြီးသတ် ဆုံးဖြတ်ချက် မချနိုင် ဖြစ်ခဲ့ကြောင်း ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း မှတဆင့် သိရသည်။
“ပြင်သစ်နိုင်ငံက Uhren Holt ကုမ္ပဏီက ရေထွက်ကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းဖို့ မြန်မာ ရေထွက် ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတခုနဲ့ လာရောက်ဆွေးနွေးသွားတယ်။ လစဉ် တန် ဘယ်လောက် ဝယ်ယူမယ်ဆိုတာကို အကြမ်းဖျဉ်းပဲ ဆွေးနွေးသွားရတယ်။ ဘာကြောင့်လဲဆိုရင် ဥရောပသမဂ္ဂက ပေးမယ့် GSP က ဘယ်တော့ ပေးမယ်၊ ရာနှုန်း ဘယ်လောက် သတ်မှတ်မယ် ဆိုတာကို သက်ဆိုင်ရာကို လှမ်းမေးတော့ တရားဝင် မသိရသေးတာကြောင့်လို့ ပြောသွားပါတယ်” ဟု အသင်း၏ အတွင်းရေးမှူး ဦးထွန်းအေး က မဇ္ဈိမကို ပြောကြားသည်။

Uhren Holt က လာရောက်ဆွေးနွေးသွားသည့် မြန်မာကုမ္ပဏီမှာ ရွှေယမုံ ကုမ္ပဏီဖြစ်သည်။

ဥရောပသမဂ္ဂမှ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ မပြုလုပ်မီ အချိန်အထိ Uhren Holt က မြန်မာ ကုမ္ပဏီ တခုမှ တလလျှင် အမေရိကန်ဒေါ်လာ ၁ သန်းဖိုးခန့် ဝယ်ယူတင်သွင်းမှု ရှိခဲ့သည်ဟု ဆိုသည်။

“ဥရောပ သမဂ္ဂ နိုင်ငံတွေကလည်း GSP စနစ်ကို ကျင့်သုံးခွင့် ပြန်ခွင့်ပြုလိုက်ပြီဖြစ်လို့ မြန်မာနိုင်ငံ အနေနဲ့ ဇွန်လကစပြီး GSP ဆိုင်ရာ အခွင့်အရေးတွေကို စတင်ခံစားခွင့် ရတော့မှာပါ။ ဒီအတွက် ရေထွက်ကုန် တင်ပို့သူတွေကလည်း မိမိတို့ရဲ့ ရေထွက်ကုန်ပစ္စည်းတွေကို အရည်အသွေး ပိုကောင်းအောင် ဆောင်ရွက်
aနပါတယ်” ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်း က ဆိုသည်။

ထို GSP နှင့်ပတ်သက်၍ “ဥရောပသမဂ္ဂ အဖွဲ့က GSP အရ ရာခိုင်နှုန်း ဘယ်လောက် လျှော့ပေးမယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်လို ၀ ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး။ သူတို့ လိုချင်တဲ့ အချက်တွေပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချမှာကြောင့်ပါ။ အစိုးရအနေနဲ့ တွန်းတွန်းတိုက်တိုက် လုပ်မယ်ဆိုရင်လည်း ၀ ဖြစ်လာနိုင်ပါတယ်” ဟု ပို့ကုန်လုပ်ငန်းရှင် ဦိးမောင်မောင် က ပြောကြားသည်။

Mizzima

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...