ဈေးကွက်အတွင်းကျောက်စိမ်းက
နေကြောင်း ကုန်သည် များထံမှ သိရသည်။ဈေးကွက်ထဲမှာ ပစ္စည်းကတော့ ရှားတယ်။ဒါပေမယ့် ၀ယ်ယူမှုအားကောင်း တာကြောင့်
ပစ္စည်းပြတ်လပ်တာတွေ အထိဖြစ်တယ်၊ ဈေးနှုန်းကလည်း အရင်ကကိုယ်ခေါ်ချင်သလို
ခေါ်လို့မရပေမယ့်အခုကျတော့ ဖြစ်သင့်တဲ့ ဈေးအထိ ဆွဲခေါ်လို့ ရနေတယ်´ဟု
မဟာအောင်မြေကျောက်မျက်ရတနာေ ရာင်း ၀ယ်ရေးစခန်း အကျိုးတော် ဆောင်အဖွဲ့ရုံး မှတာဝန်ရှိသူတစ်ဦးထံမှသိရ သည်။
ကချင်ပြည်နယ်ဖားကန့်ရှိကျော က်စိမ်းအရိုင်းတုံးများ ဈေးနှုန်းမြင့်နေခြင်းနှင့် ကျောက်စိမ်းကုမ္ပဏီများက ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုနည်းလာခြင်း၊ ဈေးကွက်လိုအပ်ချက်များလာခြ င်းနှင့်
တရုတ်ကုန်သည်များ ၀ယ်ယူမှုများပြား လာခြင်းတို့ကြောင့် ယခုကဲ့သို့
ပစ္စည်းရှားပါးချိန် တွင် ဈေးကွက်အနေ အထားမှာ ပိုမိုကောင်းမွန်နေခြင်းဖြစ်သည်ဟု သိရသည်။
`ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကတော့ ရပ်နားခြင်းမရှိပါဘူး။ ဒါပေမယ့် ဈေးနှုန်းကတော့ တော် တော်လေးလန်နေအောင် ဈေးကောင်းနေတယ်၊ ဒါကြောင့်ငုတ်တုတ်ထိုင်နေရတ ယ်ဗျ၊ မန္တလေးဈေးကွက် အနေ အထားကတောင် ဖားကန့်ထက် သက်သာနေတယ်ဗျ´ဟု ဖားကန့်တွင်နေထိုင်သော ကျောက်သမား ကိုအိုက်ပီးက ပြောသည်။
မန္တလေးကျောက်စိမ်းဈေးကွက်အ တွင်းအရည်လိုင်းမှာဝယ်ယူသူများလာသောကြောင့်
ဈေးနှုန်းမှာ အမြင့်ပိုင်း သို့ ဦးတည်လျက်ရှိကြောင်း၊ အရည်ကောင်း
မွန်သောပစ္စည်းများမှာလည်း ဈေးကွက်အတွင်း၌ ရှားပါးလျက်ရှိ ကြောင်း၊
လက်ကောက်ရောင်းဝယ်မှုပိုင်းတွင် အရည်အသွေးကောင်းမွန်မှုထက် အသားကောင်းမွန်မှုကို အဓိက ထား ရောင်းဝယ်လျက်ရှိသည်ဟု သိရသည်။
`ကျောက်စိမ်းဈေးကွက်ထဲမှာက တော့အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုရင်တော့
အရင်က ခေါ်ဈေးထက်နှစ် ဆလောက် ပေးဝယ်နေရသလို၊ ရှာရတာလည်း
ခက်ပါတယ်။အခုဆိုရင် ကျောက်ဝိုင်းထဲမှာမဟုတ်ပဲ ပြင်ပမှ လိုက်
ရှာဝယ်နေရပါတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ ကျောက်ဝိုင်းမှာလို မဟုတ်တော့ဘူး
သူတို့ပြောချင်တဲ့ ဈေးအတိုင်းပြောနေတာမျိုးပါ ။ ဒါကြောင့် မ၀ယ်ဖြစ်တာများပါတယ်´ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးပိုးကြူ က ပြောသည်။
မဟာအောင်မြေကျောက်မျက်ရတနာေ ရာင်းဝယ်ရေးစခန်းအတွင်း၌ကျောက်မျက်ရတနာဈေးနှုန်းများအြ ဖစ် အရည်လိုင်းတွင် ကျပ်သိန်းပိုင်းဝန်းကျင်မှ ကျပ်သိန်းရာဂဏန်းဝန်းကျင်၊လ က်ကောက်ဝိုင်းတွင် ကျပ်ထောင်ပိုင်း မှ ကျပ်ဆယ်သိန်းဝန်းကျင်၊လွှာချ ပ်ပိုင်းတွင် ကျပ်သောင်းဂဏန်းဝန်းကျင်နှင့်ပုတီးလိုင်းတွင် အရည်အသွေး ပေါ်မူတည်ကာ ကျပ်သောင်းဂဏန်းအထိ ၀ယ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောက်မျက်ရတနာအချောထ ည်လုပ်ငန်းများ အရောင်းအ၀ယ်ဖြစ်သော်လည်း အောက်ခြေသိမ်း ကျောက်များဖြစ်သည့် ဖြတ်စများမှာ ဈေးနှုန်းပေးမည့်သူမရှိဖြစ် ပေါ်ကာ ဈေးကွက်အောက်ဆုံးအခြေအနေအ ထိရောက်ရှိနေကြောင်း သိရသည်။
`ဈေးကွက်အနေအထားအရ ကျောက်စိမ်းအချောထည်ပစ္စည်းေ တွကတော့
နောက်တစ်ပတ်အထိဈေးကွက် ကောင်းဦးမှာပါ၊ အောက်ခြေကျောက်ဖြစ်တဲ့
ဖြတ်စအပိုင်းတွေကတော့ ဈေးကွက်ဝယ်လိုအားထက် လက်မှုပစ္စည်း အဖြစ်ပြု
လုပ်ရောင်းချတဲ့သူတွေဘက်က ၀ယ်ယူမှုပေါ်မူတည် မှာပါပဲ´ ဟု ကျောက်မျက်ပရဟိတ
လူမှုရေး အဖွဲ့မှ အတွင်းရေးမှူး(၁)ဦးသန်းဌေး က သုံးသပ်သည်။
မင်းခန့်-မန္တလေး(မြစ်မခ) /မြန်မာခရိုနီကယ်
ကချင်ပြည်နယ်ဖားကန့်ရှိကျော
`ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းတေ
မန္တလေးကျောက်စိမ်းဈေးကွက်အ
`ကျောက်စိမ်းဈေးကွက်ထဲမှာက
မဟာအောင်မြေကျောက်မျက်ရတနာေ
အဆိုပါကျောက်မျက်ရတနာအချောထ
`ဈေးကွက်အနေအထားအရ ကျောက်စိမ်းအချောထည်ပစ္စည်းေ
မင်းခန့်-မန္တလေး(မြစ်မခ) /မြန်မာခရိုနီကယ်