ပြည်တွင်း၌ လေယာဉ်ခရီးသွားလာမှု များပြားလာပြီး လက်ရှိဖြစ်ပေါ်နေသော လေယာဉ်မတော်တဆဖြစ်မှုများကြောင့် ခရီးသည်များက အသက်အန္တရာယ်လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်လျက်ရှိသည်။
ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် ခြောက်လအတွင်း မတော်တဆမှုနှစ်မှုဖြစ်ခဲ့သည်။
၂၀၁၂ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင် ဟဲဟိုးလေဆိပ်အနီး၌ အဲပုဂံလေယာဉ်ပျက်ကျခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်။ မေ ၁၆ ရက်တွင် မြန်မာ့လေကြောင်းမှ MA-60 လေယာဉ်သည် မိုင်းဆတ်လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ပြေးလမ်းကျော်ဆင်းခဲ့၍ လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။
“အခုဆို လေယာဉ်စီးရမှာ ကြောက်တယ်။ MA-60 မဖြစ်ခင်တုန်းက MA- 60 ကို စီးဖို့ ကြည့်တာနဲ့ ကြောက်တယ်” ဟု လေယာဉ်ဖြင့်မကြာခဏခရီးသွားေ လ့ရှိသော အသက် ၂၅ နှစ်အရွယ် ကိုဝေယံကပြောသည်။
ပြည်တွင်းရှိ လေယာဉ်များစီးပါက အင်ဂျင်စက်သံကြားရုံဖြင့် ကြောက်နေကြပြီး မြန်မာ့လေကြောင်း လေယာဉ်များက လုံခြုံရေးအတွက် စိတ်ချရမှုမရှိဟု ထင်မှတ်မိကြောင်း ၎င်းကပြောသည်။
ပြည်တွင်းရှိလေကြောင်းလိုင်းများ လုံခြုံစိတ်ချမှုရှိစေရန်အတွ က် လေယာဉ်များ၏ စိတ်ချရမှု၊ လေယာဉ်မှူးများနှင့်လေယာဉ်စ က် ပြင်အင်ဂျင်နီယာများ၏ ကျွမ်းကျင်မှုသည်အဓိကဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ြ ကားမှု ဦးစီးဌာန၏ လေယာဉ်မတော်တဆ စုံစမ်းရေးညွှန်ကြားရေးမှူး ဦးမျိုးသန့်ကပြောသည်။
“ဒီအတွက်က ကျွန်တော်တို့ကနေပြီး စစ်ဆေးမှုတွေ လုပ်ရပါတယ်။ အဓိကမတော်တဆမှုဖြစ်ရတာက လူရယ်၊ စက်ရယ်၊ လေကြောင်းလမ်းညွှန်ဆိုတဲ့ မီဒီယာအပိုင်းက တစ်ခုခုချို့ယွင်းလို့ဖြစ်တာ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိလေဆိပ်များ အနေဖြင့် အဓိကလိုအပ်ချက်မှာ လေကြောင်းလမ်းညွှန်စက်ကိရိယာ များဖြစ်ပြီး ခေတ်မီလေကြောင်း လမ်းညွှန်စက်များတပ်ဆင်ထားသည့်ကွင်းအား ဆင်းသက်ရာတွင် လေယာဉ်မှူးများအတွက် ပိုမိုလွယ်ကူကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူးဦးသန်းထွေးက ပြောသည်။
ပြည်တွင်းရှိလုပ်ငန်းဆောင်ရွက်နေသော လေယာဉ်ကွင်း ၃၂ ကွင်းအနက်မြေပြင်မှ လေယာဉ်နှင့် ချိတ်ဆက်ကာ လေယာဉ်အား မည်သည့်ဦးတည်ချက်သို့သွားရမ ည်၊ မည်သည့်အကွာအဝေးရှိ နေသည်တို့ကို သတင်းပေးပို့နိုင်သော VOR/ DME, NDB လေကြောင်းလမ်းညွှန်ကိရိယာတပ်ဆင်ထားသောကွင်းမှာ
ခြောက်ကွင်းသာရှိ သည်။ ယခုဘဏ္ဍာနှစ်အတွင်း လေယာဉ်ဆင်းသက်မှုများသော ပုဂံ၊
ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ မြစ်ကြီးနားစသည်တို့တွင် ယင်းစက်ကိရိယာများ
အပြီးသတ် တပ်ဆင်သွားမည်ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာ နကသတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော စပိန်ခရီးသည် နှစ်ဦးက မြန်မာလေကြောင်း၏ ဖော်ကာလေယာဉ်စီးရာတွင် အလွန်ထိတ်လန့်ခဲ့ဖူးကြောင်း ဧည့်လမ်းညွှန်အမျိုးသားတစ်ဦး က ပြောသည်။
“အဲဒီတုန်းက ဖော်ကာကနေ ပြည်တော်ကွင်းမှာ လူတင်တာလားမသိဘူး။ ကွင်းထဲမှာ လေယာဉ်ရပ်ထားပြီး စက်ကနှိုးထားတော့ အထဲမှာ ပူလာတာ။ အဲဒီမှာ ကျွန်တော့်ခရီးသည် နှစ်ယောက်တော်တော် လန့်သွားတယ်” ဟု ၎င်းကပြောသည်။
“များသောအားဖြင့် ဘာမှသိပ်မပြောဘူးဗျ။ သူတို့က ပြည်တွင်းက လေဆိပ်တွေမှာ ဆင်းရခက်တဲ့ ပြေးလမ်းတိုတဲ့ လေဆိပ်တွေဆင်းတဲ့အခါ မြန်မာကပ္ပတိန်တွေကို တော်တယ်လို့ ချီုးကျူးကြတယ်” ဟု တောင်ကြီးဇုန်မှ ဧည့်လမ်းညွှန်ကိုရန်နိုင်ကြေ ပာသည်။
ပြည်တွင်း၌ လေယာဉ်များဖြင့် ခရီးသွားရာတွင် လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုအပေါ် သံသယဖြစ်မိသည်ဟုနေပြည်တော် သို့လေယာဉ်ဖြင့် ပုံမှန်သွားနေသော ရှေ့နေတစ်ဦးကပြောသည်။
အပြည်ပြည်ဆိုင်ရာမြို့ပြ လေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ တွဲဖက်လေယာဉ်မှူးတစ်ယောက်ဖြ စ်ရန်အတွက် နာရီ ၁၅၀၀
ပျံသန်းမှုအတွေ့အကြုံ ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌တွဲဖက်လေယာဉ် မှူးတစ်ယောက်ဖြစ်ရန်အတွက်နာ ရီ ၂၀၀ သာလိုအပ်ကြောင်း
မြန်မာ့လေကြောင်း အကယ်ဒမီ ဥက္ကဋ္ဌ ဦးကြည်ဝင်းကပြောသည်။
ပြည်တွင်း၌ မောင်းနှင်အသုံးပြုသော လေယာဉ်များနှင့် လေယာဉ်မှူးများအား လေကြောင်းညွှန်ကြားမှုဦးစီးဌာ နနှင့် နိုင်ငံတကာလေကြောင်းအဖွဲ့တို့က စစ်ဆေးမှုများပုံမှန်ပြုလုပ် နေပြီး စိတ်ချရသော အခြေအနေရှိမှသာ
လုပ်ငန်းဆောင်ရွက်ခွင့်ပြုေ သာကြောင့် စိတ်ချရကြောင်း လေယာဉ်မှူး ဦးသန်းထွေးကပြောသည်။
“လေယာဉ်မတော်တဆမှုတွေက ဒီမှာပဲ ဖြစ်တာမဟုတ်ဘူး။ နိုင်ငံတကာမှာလည်း အဆင့်မြင့် လေယာဉ်ကြီးတွေတောင်မှဖြစ်တာ ”ဟု ယင်းကပြောသည်။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းခု နစ်လိုင်းမှ
လေယာဉ် ၃၂ စီးဖြင့် ပြေးဆွဲနေပြီး အေတီအာဖော်ကာ၊ အမ်ဘရာ၊ အမ်အေ ၆၀၊ ဘိခ်ျ
၁၉၀၀ နှင့် အဲဘက်စ်လေယာဉ် အမျိုးအစားများဖြင့် ပျံသန်းလျက်ရှိနေသည်။
ယင်းလေယာဉ်များအနက် ပြင်သစ်နိုင်ငံထုတ် အေတီအာ အမျိုးအစားအများဆုံး အသုံးပြုနေပြီး တရုတ်၊ ဟော်လန်၊ ဘရာဇီးစသောနိုင်ငံများမှ လေယာဉ်များဖြစ်ရာ လေယာဉ်များအား သက်တမ်း ၂၅ နှစ်အောက် လေယာဉ်များကိုသာ အသုံးပြုစေကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးမျိုးသန့်ကဆိုသည်။
7 Days
ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် ခြောက်လအတွင်း မတော်တဆမှုနှစ်မှုဖြစ်ခဲ့သည်။
၂၀၁၂ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင် ဟဲဟိုးလေဆိပ်အနီး၌ အဲပုဂံလေယာဉ်ပျက်ကျခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်။ မေ ၁၆ ရက်တွင် မြန်မာ့လေကြောင်းမှ MA-60 လေယာဉ်သည် မိုင်းဆတ်လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ဘရိတ်စနစ်ချို့ယွင်းမှုကြောင
“အခုဆို လေယာဉ်စီးရမှာ ကြောက်တယ်။ MA-60 မဖြစ်ခင်တုန်းက MA- 60 ကို စီးဖို့ ကြည့်တာနဲ့ ကြောက်တယ်” ဟု လေယာဉ်ဖြင့်မကြာခဏခရီးသွားေ
ပြည်တွင်းရှိ လေယာဉ်များစီးပါက အင်ဂျင်စက်သံကြားရုံဖြင့် ကြောက်နေကြပြီး မြန်မာ့လေကြောင်း လေယာဉ်များက လုံခြုံရေးအတွက် စိတ်ချရမှုမရှိဟု ထင်မှတ်မိကြောင်း ၎င်းကပြောသည်။
ပြည်တွင်းရှိလေကြောင်းလိုင်
“ဒီအတွက်က ကျွန်တော်တို့ကနေပြီး စစ်ဆေးမှုတွေ လုပ်ရပါတယ်။ အဓိကမတော်တဆမှုဖြစ်ရတာက လူရယ်၊ စက်ရယ်၊ လေကြောင်းလမ်းညွှန်ဆိုတဲ့ မီဒီယာအပိုင်းက တစ်ခုခုချို့ယွင်းလို့ဖြစ်တ
မြန်မာနိုင်ငံရှိလေဆိပ်များ
ပြည်တွင်းရှိလုပ်ငန်းဆောင်ရ
မြန်မာနိုင်ငံသို့လာရောက်လည
“အဲဒီတုန်းက ဖော်ကာကနေ ပြည်တော်ကွင်းမှာ လူတင်တာလားမသိဘူး။ ကွင်းထဲမှာ လေယာဉ်ရပ်ထားပြီး စက်ကနှိုးထားတော့ အထဲမှာ ပူလာတာ။ အဲဒီမှာ ကျွန်တော့်ခရီးသည် နှစ်ယောက်တော်တော် လန့်သွားတယ်” ဟု ၎င်းကပြောသည်။
“များသောအားဖြင့် ဘာမှသိပ်မပြောဘူးဗျ။ သူတို့က ပြည်တွင်းက လေဆိပ်တွေမှာ ဆင်းရခက်တဲ့ ပြေးလမ်းတိုတဲ့ လေဆိပ်တွေဆင်းတဲ့အခါ မြန်မာကပ္ပတိန်တွေကို တော်တယ်လို့ ချီုးကျူးကြတယ်” ဟု တောင်ကြီးဇုန်မှ ဧည့်လမ်းညွှန်ကိုရန်နိုင်ကြေ
ပြည်တွင်း၌ လေယာဉ်များဖြင့် ခရီးသွားရာတွင် လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုအပေါ် သံသယဖြစ်မိသည်ဟုနေပြည်တော် သို့လေယာဉ်ဖြင့် ပုံမှန်သွားနေသော ရှေ့နေတစ်ဦးကပြောသည်။
အပြည်ပြည်ဆိုင်ရာမြို့ပြ လေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ တွဲဖက်လေယာဉ်မှူးတစ်ယောက်ဖြ
ပျံသန်းမှုအတွေ့အကြုံ ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌တွဲဖက်လေယာဉ်
မြန်မာ့လေကြောင်း အကယ်ဒမီ ဥက္ကဋ္ဌ ဦးကြည်ဝင်းကပြောသည်။
ပြည်တွင်း၌ မောင်းနှင်အသုံးပြုသော လေယာဉ်များနှင့် လေယာဉ်မှူးများအား လေကြောင်းညွှန်ကြားမှုဦးစီးဌာ
လုပ်ငန်းဆောင်ရွက်ခွင့်ပြုေ
“လေယာဉ်မတော်တဆမှုတွေက ဒီမှာပဲ ဖြစ်တာမဟုတ်ဘူး။ နိုင်ငံတကာမှာလည်း အဆင့်မြင့် လေယာဉ်ကြီးတွေတောင်မှဖြစ်တာ
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းခု
ယင်းလေယာဉ်များအနက် ပြင်သစ်နိုင်ငံထုတ် အေတီအာ အမျိုးအစားအများဆုံး အသုံးပြုနေပြီး တရုတ်၊ ဟော်လန်၊ ဘရာဇီးစသောနိုင်ငံများမှ လေယာဉ်များဖြစ်ရာ လေယာဉ်များအား သက်တမ်း ၂၅ နှစ်အောက် လေယာဉ်များကိုသာ အသုံးပြုစေကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးမျိုးသန့်ကဆိုသည်။
7 Days