အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

23 May, 2013

ခဲတံတွေဘာကြောင့် အဝါရောင် ဖြစ်ရသလဲ

ဒီနောက်ပိုင်း အရောင်စုံရှိပါတယ်။သို့ပေမယ့် ခဲတံဆိုရင် များသောအားဖြင့် အဝါရောင်နဲ့ မြင်တွေ့ရမှာပါ။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ပြည်မှာ အဝါရောင် အသုံးများပါတယ်။ အကြောင်းကတော့ --
၁၈၉၀ ကျော်က ကပါ။ အမေရိကန်မှာ ခဲတံတွေကို အဝါရောင် အဖြစ် ထုတ်လုပ်ပါတယ်။ ၁၈၀၀ ကျော်ကတည်း တရုတ်ပြည်မှာ ခဲတံထုတ်ပါတယ်။ ထုတ်ဖို့အတွက် အသုံးပြုတဲ့ ခဲက အဆင့်မြင့် ဂရက်ဖိုက်ပါ။ဒီတော့ တရုတ်ပြည်မှာ ဂရက်ဖိုက် အဆင့်မြင့်ကြောင်း၊ ကောင်းမွန်ကြောင်းပြချင်ရင် အဝါရောင် အမှတ်အသား ကို အသုံးပြုပါတယ်။ အခြားသော အရောင်များလည်း ရှိပေမယ့် အဝါရောင် နဲ့ ခဲတံဆိုရင် ခဲသားအင်
မတန်ကောင်းတဲ့ ခဲတံလို့ သတ်မှတ်ပါတယ်။

ဒါကြောင့် အမေရိကန်မှာလည်း တရုတ်ပြည်က အဆင့်မြင့် ဂရက်ဖိုက်ကို အသုံးပြုကြောင်း သိစေရန်အလို့ငှာ အဝါရောင်ကို ပိုမို သုံးစွဲခဲ့ပါတယ်။
နောက်ပြီးတော့ အဝါရောင်မှာ သစ္စာရှိမှု၊ တော်ဝင်ဆန်မှု အမှတ် အသား
အနေနဲ့လည်း သတ်မှတ်ပြီး စွဲစွဲမြဲမြဲ အသုံးပြုခြင်း ဖြစ်ပါတယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဝါရောင်ခဲတံများ ပေါ်ထွန်း လာစေခြင်း ဖြစ်ကြောင်း သိရပါတယ်။
ရိုးရာလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...