မြန်မာ့ပိုးထည် ဂျပန်၌ ပြသမည်

မြန်မာ့ရိုးရာပိုးထည်လုပ်ငန်းလုပ်ကိုင်နေ့သည့်လုပ်ငန်း(၄)ခုမှ
ပိုးထည်များ အား ဇွန်လ(၅)ရက်နေ့ ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် Tokyo
Big Five Exhibition ပြပွဲသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ပြသမည်ဖြစ်သည်။
"Interior lifestyleနဲ့ ပတ်သက်လို့ပထမဆုံးအကြိမ်ပါ။
ဒီကနေတဆင့်ပြည် ပက ကုန်ပစ္စည်း အမှာတွေ ရလာနိုင် တယ်လို့
မျှော်လင့်တဲ့အတွက် ဒီပွဲကို သွားပြတာဖြစ်ပါတယ် ” ဟု
နှင်းဝတ်မှုံပိုးထည်နှင့်အထည်ဆိုးဆေးလုပ် ငန်းမှ မနန္ဒာစိုးအေးက ပြောသည်။
အဆိုပါပြပွဲသို့ နှင်းဝတ်မှုံ၊ ယဉ်သူထိုက်၊ မင်္ဂလာနှင့် Belle မြန်မာ့ရိုးရာ
ပိုးထည်လုပ်ငန်းများမှ သွားရောက် ပြသမည်ဖြစ်ပြီး သွားလာမှုအတွက်
ကုန်ကျစရိတ်အတွက် ဂျပန်နိုင်ငံမှ ကျခံမည်ဟု သိရသည်။
"အဓိက
ပြမယ့်ပစ္စည်းတွေကတော့ အိမ်တွင်းအလှဆင်ပစ္စည်းနဲ့ ပိုးထည်တွေ ကို အလိပ်လိုက်
ပြသသွားမှာပါ။" ဟု ယဉ်သူထိုက် ပိုးထည်လုပ်ငန်းမှ မငယ်ငယ်က ပြောသည်။
ထိုပြပွဲကို ကုန်စည်ပြပွဲများကို Mesago Messe Frankfurt GmbH ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး
နိုင်ငံတကာမှ သွင်းကုန်နှင့် ထုတ်ကုန် လုပ်ငန်းများ၊ ရိုးရာအထည်အလိပ်များ၊
အိမ်တွင်းအလှဆင် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများနှင့်
အခြားလူသုံးကုန်ပစ္စည်းများ အား နိုင်ငံတကာ မှသိရှိကာ
ဈေးကွက်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကုန်စည်ပြပွဲမျိုးကို ဂျပန်နိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ စတင်ပြုလုပ် ခဲ့သော်လည်း မြန်မာ့ပိုးထည်လုပ်ငန်း များအနေဖြင့် ရောက်ပြသခြင်း မရှိခဲ့ပေ။
မင်းမင်းလတ် (မြစ်မခ) /မြန်မာခရိုနီကယ်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်