အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

23 May, 2013

ထားဝယ်စီမံကိန်း၌ ဂျပန်ပါဝင်လာရန် ထိုင်းဝန်ကြီးချုပ် ဆွဲဆောင်

ဂျပန်ရင်းနှီးမြုပ်နှံသူများ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အခြား စီမံကိန်းကြီးများတွင် ပါဝင်လာစေရေးအတွက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်ထရာမှာ ခင်မင်ရင်းနှီးသူများ၊ ယုံကြည်စိတ်ချရသူများမှတဆင့် ဆက်သွယ်ဆွဲဆောင်နေသည်ဟု သိရသည်။
၎-ရက်ကြာ အလုပ်သဘောအလည်အပတ် ခရီးစဉ်အတွက် ယမန်နေ့က တိုကျိုမြို့သို့ရောက်ရှိပြိး မကြာမီ ကျင်းပသည့် ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများအတွက် ခိုင်မာသောအုတ်မြစ် တည်ဆောက်ခြင်းဆိုင်ရာ ဖိုရမ်၌ ယုံကြည်မှု၊ စိတ်ချမှုနှင့် မိတ်သဟာယဖြစ်မှုတို့မှာ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ သည်။

အေးချမ်းငြိမ်သက်သော မြန်မာမြို့ငယ်လေး တစ်မြို့အား တက်ကြွလှုပ်ရှားနေသော အိန္ဒိယသမုဒ္ဒရာဆိပ်ကမ်း မြို့နှင့် စက်မှုဇုန်အဖြစ် ပြောင်းလဲရန်ရည်ရွယ်ထားသည့် ထားဝယ်စီမံကိန်းကို ယုံကြည်အားထားကြောင်း မစ္စ ယင်လပ်က အခိုင်အမာအတည်ပြုပြောကြားလိုက်သည်။

ထားဝယ်ဆိပ်ကမ်းတည်ဆောက်ပြီးစီးသွားသောအခါ စတုရန်း ကီလိုမီတ ၂၀၀-ကျယ်ဝန်းသည့် စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း နှင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက နှင် ဥရောပ တို့နှင့် အရှေ့အာရှကို ဆက်စပ် ပေးမည့် တံခါးပေါက်ဖြစ်ကြောင်း သူမက ဆက်ပြောသည်။

ထားဝယ်စီမံကိန်း ဖြစ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ ပူးတွဲဆောင်ရွက်လျက်ရှိပါသည်။

ဂျပန်လုပ်ငန်းရှင်များအား ထိုင်းနိုင်ငံ၏ ထိုင်းဘတ်ဘီလီယန် - ၂၀၀၀ ကုန်ကျမည့် အခြေခံအဆောက်အဦး အစီအစဉ်တွင် ဝင်ရောက်ပါဝင်ရန်လည်း ဖိတ်ခေါ်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် နစ်လမ်းသွား အမြန် မီးရထား လမ်းဖောက်လုပ်ရေး နှင့်ဘတ် ဘီလီယန်-၃၅၀ တန် ရေအရင်းအမြစ် စီမံခန့်ခွဲမှု အစီအစဉ်များလည်း ပါဝင် ပါသည်။

မစ္စယင်လပ်သည် ယနေ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။
http://myitmakhamediagroup.com/detail.php?newid=4638

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...