အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 May, 2013

လူစီးရန် မသင့်သည့် တိုက်ကြေ ကားများ တင်သွင်းမှုကို အရေးယူမည်ဟု ဝန်ကြီးပြော


ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အချို့သည် ဆက်စီးရန် မသင့်တော် သည့် ခေါင်းကြေ၊ ကိုယ်ပျက် မော်တော်ယာဉ်များကို ဆက်လက် တင်သွင်းနေမှုကို အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောဆိုသတိပေးလိုက်သည်။
“တိုက်ကြေကားတွေကို သင်္ဘောများနဲ့ ထပ်မံတင်သွင်း သယ်ဆောင်မှုများ ရှိနေတာကို ကြားသိရပါတယ်။ ဒီလို မလျော်မကန် တင်သွင်းလာတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို တင်သွင်းခွင့် ၁ နှစ် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်” ဟု မေလ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုး အပ်နှံခြင်းအတွက် ပြည်ပနိုင်ငံများမှ
မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များ ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှ စ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

“ယာဉ်တွေ တင်သွင်းခွင့်ပြုရာမှာ Recondition (ပြုပြင်ပြီး) ကားတွေကို တင်သွင်းခွင့် ပြုခဲ့ပေမယ့် လေလံဆွဲ စဉ်ကပဲ ကားရှေ့ပိုင်းကြေ၊ ကိုယ်ထည် ထိခိုက်ပျက်စီးမှုတွေ ရှိတဲ့ ယာဉ်တွေကို တင်သွင်းလာတာ တွေ့ရပါတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထိုသို့ တိုက်ကြေကားများ တင်သွင်းမှုကို သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ထုံးလုပ်နည်းများဖြင့် အရေးယူဆောင်ရွက်ရန် မော်တော်ယာဉ် တင်သွင်းခွင့် ကော်မတီအနေဖြင့် မေလ ၅ ရက်နေ့က အကြောင်းကြား ထားပြီး ဖြစ်သည်။

“ခေါင်းကြေကိုယ်ပျက် ကားတွေကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ နိုင်ငံပိုင်အဖြစ် သိမ်းမှာပါ။ ပြီးရင် ထင်သာမြင်သာ အနေအထားနဲ့ သံရည်ကျို ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်” ဟု အထူးပါမစ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

Mizzima

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...