အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 May, 2013

တရားမဝင်နယ်စပ် ဖြတ်ကျော်သူ မြန်မာနိုင်ငံသား ၂၀ ဦး ထောင်ဒဏ် ၅ နှစ် ကျခံရဖွယ်ရှိ


တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူ အမျိုးသမီး ၂ ဦးအပါအဝင် မြန်မာနိုင်ငံ သား ၂၀ ဦး အား မဏိပူရပြည် နယ် ရဲတပ်ဖွဲ့က လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်သည့်အတွက်
သောကြာနေ့က တရားရုံးထုတ် စစ်ဆေးခဲ့ကြောင်း ယနေ့ထုတ် Sangai Express သတင်းစာတွင်
... ဖော်ပြခဲ့သည်။

တရားမဝင် နိုင်ငံခြားသား အက်ဥပဒေအရ၊ အဆိုပါ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်လာသည့် တရားဝင် အထောက်အထား တစုံတရာ ပြသနိုင်ခြင်း မရှိပါက ထောင်ဒဏ် ၅ နှစ် ကျခံရဖွယ်ရှိကြောင်း ယနေ့ထုတ် Sangai Express သတင်းစာက ရေးသားဖော်ပြသည်။

လိုအပ်သည့် အထောက်အထား ခိုင်ခိုင်မာမာ မရှိပါက ထိုသူများအား ပြည်နယ် CID စုံစမ်းစစ်ရေး အဖွဲ့ သို့ လွှဲပြောင်းသွားမည်ဖြစ်သည်။ အဆိုပါ လူ ၂၀ အုပ်စုအား ၂၀၁၂ ခုနှစ် သြဂုတ်လ က ဖမ်းဆီးခဲ့တာဖြစ်ပြီး
မေလ ၂ ရက်နေ့က စတင် တရားစွဲထားခြင်းဖြစ်သည်။ ၎င်းတို့အား မဏိပူရပြည်နယ် မြို့တော် အင်ဖားရှိ ဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားရှိသည်။


(မဇ္ဈိမ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...