ဘူမိဗေဒပညာရှင်များသည်
ရုပန်ဒေဟီခရိုင် ၂၀ ကီလိုမီတာခန့်ဝေးသည့် လုမ္ဘနီနှင့် ဒေဝဒဟ ဘဝါနီပါ ရှိ
ဘူမိဗေဒသမားများ တူးဖော်နေသည့် နေရာတခုတွင် ဗုဒ္ဓခေတ်မှ
လက်ရာရှေးဟောင်းပစ္စည်းများ တွေ့ရှိသည်။
ဘူမိဗေဒ ဌာနမှ အဖွဲ့တဖွဲ့သည် ဒေဝဒဟအနီးတဝိုက်တွင် ဗုဒ္ဓနေခဲ့ရာအိမ်ရာအဖြစ် ယူဆသည့် နေရာတွင် မြေတူးရှာဖွေသည့်လုပ်ငန်းတခု လွန်ခဲ့သည့်နှစ်နှစ်က စတင်လုပ်ဆောင်ခဲ့သည်။၎င်းဘဝါနီ ပါရှိ မြေတူးရှာဖွေသည့်လုပ်ငန်းကို လွန်ခဲ့သည့် ရက်သတ္တပတ်သုံးပတ်က စတင်ခဲ့သည်။
နံရံများ၊ အုပ်များ၊ ငွေနှင့် သစ်သားလက်ကောက်များ၊ ရွှံ့စေးအသုံးအဆောင်များ၊ ထောပတ်သုံးမီးအိမ်များနှင့် ကျောက်တုံးများအပါအဝင် ပစ္စည်းများကို တွေ့ရှိခဲ့သည်။ဘူမိဗေဒဌာနမှ အရာရှိတဦးဖြစ်သူ ပရာခါဒါနယ်က ကိုယ်တပိုင်းဗုဒ္ဓရုပ်တုတခု၊
ရေတွင်းတခုနှင့် နန်းတော်၏ အပျက်အစီးများစသည့် ရှေး ဟောင်းပစ္စည်းများက
ယခုနေရာသည် ဗုဒ္ဓနှင့် ဆက်နွယ်သည့် နေရာတခုအဖြစ် အတည်ပြုရန်
ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
“ဒီနေရာဟာ ဂေါတမဗုဒ္ဓရဲ့နေထိုင်ခဲ့တဲ့အိမ်ဖြစ်တယ်ဆိုတာ ရှာဖွေတွေ့ရှိဖို့က နောက်ထပ်လေ့လာစရာတွေ တူးဖော်စရာတွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ဗုဒ္ဓနှင့်ဆက်နွ ယ်သည့် နေရာ ၁၄ခုတွင် ကန်ယာမိုင်၊ ဘာဝနီပါနှင့် ပန်ဒီပါရှိအချို့နေရာများကို သာ လက်ရှိတွင်တူးဖော်ခဲ့ပြီးဖြ စ်သည်။
“ကျွန်တော်တို့တွေ ၁၀ရာစု၊ ၁၁ရာစု နဲ့ ၁၂ရာစု တွေက ရှေးဟောင်းပစ္စည်းကို တွေ့ရှိပြီးပါပြီ” ဟု ၎င်းက ဆိုသည်။ဗုဒ္ဓသည် ၆၂၃ ဘီစီတွင် လုမ္ဘနီဥယာဉ်တွင်း၌ ဖွားမြင်တော်မူကြောင်း ၂၄၉ ဘီစီတွင် ပေါ်လာသော မော်ယန် အင်ပါယာမှ အာသောကမင်း ကြီး၏ အာသောက ကျောက်စာတွင် ဖော်ပြချက်တွင် သက်သေပြထားသည်။
လုမ္ဘနီကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ထိန်းသိမ်းထားပြီး
ကမ္ဘာ့ ဘာသာကြီးများထဲမှ တခု၏ အမြင့်မြတ်ဆုံးနေရာအဖြစ် သတ် မှတ်ထားသော်လည်း
ဘူမိဗေဒအရသာမက ဘာသာရေးအတွက်ပါအရေးပါသည့် ဗုဒ္ဓနေထိုင်ခဲ့ရာနေရာကို
မတူးဖော် မထိန်းသိမ်းရသေးပေ။ယခုဒေဝဒဟ မှ တွေ့ရှိရသောပစ္စည်းများကို လေ့လာရေးအတွက် ဘူမိဗေဒဌာနသို့ပို့ဆောင်ပြီးကြောင်းသိရသည်။
လေ့လာပြီးပါက လုမ္ဘနီ ဖွဲ့ဖြိုးရေး အဖွဲ့(LDT)သို့ယူဆောင်လာမည် ဖြစ်ကြောင်း အရာရှိတဦးက ပြောကြားသည်။
(LDT)မှ ဘူမိဗေဒအရာရှိတဦးက ရရှိလာသောရှေးဟောင်းပစ္စည်းများကို လုမ္ဘနီ နိုင်ငံတကာပြတိုက်တွင်ထားရန်သို့မဟုတ်
ဒေဝဒဟတွင် ထားရှိရန်ကို ဒေသခံများဆုံးထံမှ အကြံဥာဏ်များတောင်းမည်
ဖြစ်ကြောင်း ပြောကြားသည်။လက်ရှိတွင် ဒေသခံများက တူးဖော်သည့်နေရာကို
ကြာမြင့်စွာ တူးဖော်နေပြီး LDT ၏အကာအကွယ်မပေးနိုင်မှုကြောင့်  တွေ့ရှိသည့် ပစ္စည်းများ အခိုးခံနေရကြောင်း ဝေဖန်ကြသည်။LDTသည် တူးဖော်သည့်နေရာကို သံဆူးကြိုးများနှင့်သာ ကာရံထားသည်။
မြန်မာ့ခေတ်
ဘူမိဗေဒ ဌာနမှ အဖွဲ့တဖွဲ့သည် ဒေဝဒဟအနီးတဝိုက်တွင် ဗုဒ္ဓနေခဲ့ရာအိမ်ရာအဖြစ် ယူဆသည့် နေရာတွင် မြေတူးရှာဖွေသည့်လုပ်ငန်းတခ
နံရံများ၊ အုပ်များ၊ ငွေနှင့် သစ်သားလက်ကောက်များ၊ ရွှံ့စေးအသုံးအဆောင်များ၊ ထောပတ်သုံးမီးအိမ်များနှင့
“ဒီနေရာဟာ ဂေါတမဗုဒ္ဓရဲ့နေထိုင်ခဲ့တဲ့အ
“ကျွန်တော်တို့တွေ ၁၀ရာစု၊ ၁၁ရာစု နဲ့ ၁၂ရာစု တွေက ရှေးဟောင်းပစ္စည်းကို တွေ့ရှိပြီးပါပြီ” ဟု ၎င်းက ဆိုသည်။ဗုဒ္ဓသည် ၆၂၃ ဘီစီတွင် လုမ္ဘနီဥယာဉ်တွင်း၌ ဖွားမြင်တော်မူကြောင်း ၂၄၉ ဘီစီတွင် ပေါ်လာသော မော်ယန် အင်ပါယာမှ အာသောကမင်း ကြီး၏ အာသောက ကျောက်စာတွင် ဖော်ပြချက်တွင် သက်သေပြထားသည်။
လုမ္ဘနီကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ထိန
လေ့လာပြီးပါက လုမ္ဘနီ ဖွဲ့ဖြိုးရေး အဖွဲ့(LDT)သို့ယူဆောင်လာမည်
(LDT)မှ ဘူမိဗေဒအရာရှိတဦးက ရရှိလာသောရှေးဟောင်းပစ္စည်းမ
မြန်မာ့ခေတ်