အက်သလက်တီကို မက်ဒရစ်သည် စပိန်ဘုရင့်ဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးရရှိခြင်းဖြစ်သည်။
စပိန်ဘုရင့်ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ ယနေ့ (မေလ ၁၈ ရက်) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်က အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိကာ ဆုဖလားဆွတ်ခူးသွားသည်။ ယခုပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်က ပထမပိုင်း ၁၄ မိနစ်တွင် ရော်နယ်လ်ဒို၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သည်။
သို့သော် ပွဲကစားချိန် ၃၅ မိနစ်တွင် အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအို၏ ပေးပို့မှုမှတစ်ဆင့် ဒီယေဂို ကော်စတာက အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေဖြစ်ခဲ့သည်။ ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရာ ရီးယဲလ်က တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးတိုင်ထိခြင်း၊ အက်သလက်တီကို ဂိုးသမားနှင့် နောက်တန်းက ဖျက်ထုတ်နိုင်ခြင်းတို့ကြော င့် တစ်ဂိုးစီ သရေရလဒ်သာဖြစ်ခဲ့သည်။
ထို့ကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၉၉ မိနစ်တွင် အက်သလက်တီကိုက ဦးဆောင်ဂိုး ရရှိသွားသည်။ အက်သလက်တီကိုအတွက် အရေးပါသည့် ဦးဆောင်ဂိုးကို နောက်ခံကစားသမား မီရန်ဒါက ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။
အချိန်ပိုပွဲကစားချိန်တွင် ၁၁၄ မိနစ်၌ ရီးယဲလ်မှ ရော်နယ်လ်ဒို၊ မိနစ် ၁၂၀ တွင် အက်သလက်တီကိုမှ ဂက်ဘီ ဖာနန်ဒက်ဇ်တို့ အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။ ရီးယဲလ်နည်းပြ မော်ရင်ဟိုကိုလည်း ဝေဖန်စောဒကတက်မှုကြောင့် ကွင်းလယ်ဒိုင်က ပွဲကြည့်စင်သို့ ထွက်ခွာစေခဲ့သည်။ အက်သလက်တီကို မက်ဒရစ်သည် စပိန်ဘုရင့်ဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးရရှိခြင်းဖြစ်သည်။
Planet.com.mm
စပိန်ဘုရင့်ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ ယနေ့ (မေလ ၁၈ ရက်) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်က အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိကာ ဆုဖလားဆွတ်ခူးသွားသည်။ ယခုပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်က ပထမပိုင်း ၁၄ မိနစ်တွင် ရော်နယ်လ်ဒို၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သည်။
သို့သော် ပွဲကစားချိန် ၃၅ မိနစ်တွင် အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအို၏ ပေးပို့မှုမှတစ်ဆင့် ဒီယေဂို ကော်စတာက အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေဖြစ်ခဲ့သည်။ ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရာ ရီးယဲလ်က တိုက်စစ်ဆင်ကစားခဲ့သော်လည်း
ထို့ကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၉၉ မိနစ်တွင် အက်သလက်တီကိုက ဦးဆောင်ဂိုး ရရှိသွားသည်။ အက်သလက်တီကိုအတွက် အရေးပါသည့် ဦးဆောင်ဂိုးကို နောက်ခံကစားသမား မီရန်ဒါက ခေါင်းတိုက်သွင်းယူခဲ့ခြင်း