အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 May, 2013

သြစတြေးလျက ရေအားလျှပ်စစ် လာထုတ်မည်

မိုးရာသီလွန်ကာလများတွင် လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးသော မြန်မာနိုင်ငံတွင် သြစတြေးလျ ရေအားလျှပ်စစ် ကုမ္ပဏီ Andritz Hydro GmbH က လာရောက်ရင်းနှီးမြှုပ်နှံပြီး ရေအားလျှပ်စစ် ထုတ်လုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရှိရသည်။

... "အခြေအနေကို လာပြီးလေ့လာတာဖြစ်နိုင်တယ်။ သူတို့စီမံကိန်းတွေက ပတ်ဝန်းကျင်ထိခိုက်မှု မရှိဘူး" ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော် စီမံခန့်ခွဲ လုပ်ကိုင်နေသော ယင်းကုမ္ပဏီသည် DICA ထံမှ တရားဝင်ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ခွင့်ကို မေလ ၁၆ ရက်နေ့ကရရှိခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်း အဖြစ် မှတ်ပုံတင် ထားသည်။

၁၈၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကြီးစားစက်မှု လုပ်ငန်းများ လုပ်ကိုင်သော အဆိုပါကုမ္ပဏီသည် သြစတြေလျနိုင်ငံ Graz မြို့တွင် အခြေစိုက်ပြီး အဆိုပါမြို့ရှိ Andritz ဒေသကိုအစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။

Andritz လုပ်ငန်းအုပ်စုသည် စက္ကူနှင့် ပျော့ဖတ်လုပ်ငန်း၊ ရေအားလျှပ်စစ် လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဇီဝလောင်စာ ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်။

စင်ကာပူနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ၂၅ ရာခိုင်နှုန်း ထောက်ပံ့ပေးနေသော တရုတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီ Tuas Power Generation ကလည်း မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စင်ကာပူ မီဒီယာများတွင် ဖော်ပြထားသည်။

The Voice

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...