အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 May, 2013

လုံခြုံရေးအတွက် အာမခံမှုမပေးနိုင်၍အမျိုးသမီးအလုပ်သမား စေလွှတ်မှု စောင့်ကြည့်

မြန်မာအမျိုးသမီးများ လုံခြုံရေးအတွက် ကိုးရီးယားဘက်မှ အာမခံမှု မပေးနိုင်၍ အမျိုးသမီး အလုပ်သမားများ စေလွှတ်မှုကို စောင့်ကြည့်နေ ဆဲဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။ အစိုးရ ပြည်ပအလုပ်အကို အေဂျင်စီမှ တာဝန်ရှိသူတဦးက “စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း အဖော်ရအောင်လို့ တ...ကြိမ်ကို နှစ်ယောက်မခေါ်ရင် မဖြစ်ဘူးလို့ ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိနိုင်ဘူး” ဟုဆိုသည်။

မြန်မာအစိုးရသည် အမျိုးသမီး အလုပ်သမားများကို ကိုးရီးယားနိုင်ငံမှ
ခေါ်ယူလိုပါက အနည်းဆုံးနှစ်ဦးခန့် ခေါ်ယူမှသာ ခွင့်ပြုမည်ဟု ကိုးရီးယားအစိုးရထံ တောင်းဆိုထား သော်လည်း ၎င်းတို့ဘက်မှ အာမခံမှု မပေးနိုင်၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ညှိနှိုင်းနေဆဲ ကာလတွင်လည်း မြန်မာအစိုးရ အနေဖြင့် တဖက်နိုင်ငံ၏ လုပ်ငန်းခွင် အခြေအနေများကို စုံစမ်းမှုများ
ပြုလုပ်လျှက် ရှိသည်။ စုံစမ်းရာတွင် ကိုးရီးယား အလုပ်ရှင် တချို့သည် အမျိုးသမီးအလုပ်သမား များကို စက်ရုံတွင်သာမက ၎င်း၏ အိမ်တွင်ပါ ခေါ်ယူစေခိုင်းခြင်း၊ အမျိုးသမီး အလုပ်သမားနှင့် အမျိုးသား အလုပ်သမားများကို ရောနှော၍ ထားခြင်းစသည့် အချက်များကို စုံစမ်း တွေ့ရှိရ၍ မြန်မာ အမျိုးသမီးများလုံခြုံရေးအတွက် စေလွှတ်ရန်
နှောင့်နှေး နေရခြင်း ဖြစ်သည်။

မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး ခေတ္တပြန်လာသူ မမိုးဆွေက “သူများနိုင်ငံမှာ အလုပ်လုပ်တာ ဆိုတော့ အစစအရာရာ သတိထားနေရတယ်။ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။ အမျိုးသမီးတွေကို အိမ်ဖော်တို့ ဖျော်ဖြေရေးတို့မှာ မလုပ်ရဘူးလို့ ပြောနေပေမဲ့ အိမ်ဖော် အလုပ်နဲ့သွားတာ အများကြီး ရှိပါတယ်။ အိမ်ဖော်အလုပ်ကပဲ
ပြဿနာတွေ ဖြစ်တာပိုများတယ်။ ကိုယ့်ကို ကာကွယ်မဲ့သူတွေက ဘယ်သူတွေ ဆိုတာကို သိပြီးတော့မှ ထွက်သွားစေချင်တယ်” ဟု အမျိုးသမီး အလုပ်သမားများ၏ အခြေအနေကို ရှင်းပြသည်။

မြန်မာ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ခွင့်ပြုထားသော်လည်း အိမ်အကူနှင့် ဖျော်ဖြေရေး လုပ်ငန်း များတွင် လုပ်ကိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ တကြိမ်လျှင် အနည်းဆုံး အလုပ်သမား နှစ်ဦးခန့် ခေါ်ယူရမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Mizzima

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...