ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ်ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်မှစတင်၍ အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
သို့သော် အချို့ယာဉ်များမှာ ကားပါကင် ပြုလုပ်ပေးထားသော်လည်း ကားပါကင်၌ မရပ်နားဘဲ လမ်းမပေါ်တွင်သာ ရပ်တန့်ထားမှု အချို့ကို တွေ့နေရကြောင်း၊ ထို့အတွက် အရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပြီး ဒဏ်ငွေဖြင့် အရေးယူခြင်းအပြင် ကရိန်းဖြင့်မယူ၍ ရှင်းလင်းခြင်းများလည်း ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
''အခမဲ့ရပ်နားနိုင်တဲ့ ကားပါကင်တွေ လုပ်ပေးထားတယ်။ ဒါပေမဲ့ ကားအချို့က အဲဒီနေရာမှာ မရပ်ကြဘူး။ လမ်းမပေါ်မှာပဲ ရပ်ကြတယ်။ သူတို့ဘာလို့ မရပ်ကြတာလဲလို့ပြောတော့ ကားပါကင် လုပ်ပေးထားတဲ့ နေရာမှာ ဈေးသည်အချို့ ဈေးရောင်းနေလို့တဲ့။ အဲဒီအတွက် ဈေးသည်တွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလို ရှင်းလင်းပြီးပေမယ့် ကားတွေလမ်းမပေါ် တက်ပြီးရပ်နေမယ် ဆိုရင်တော့ အရေးယူသွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
''အခမဲ့ကားပါကင်တွေ လုပ်ပေးထားပေမဲ့ အချို့နေရာတွေမှာ ကားရပ်ဖို့က နေရာနည်းနည်း ကျဉ်းနေတဲ့အပြင် ဓာတ်တိုင်တွေလည်း ခံနေတော့ ကားရပ်ဖို့ ခက်ခဲတဲ့အပိုင်း အချို့လည်း ရှိပါတယ်'' ဟု ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့ နေရာအတော်များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ ထို့အပြင် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများအတွက် ယာဉ်ရပ်နားခ ပေးဆောင်မှုအား ဧပြီလမှစ၍ ကောက်ခံခြင်း မပြုတော့ဘဲ အခမဲ့ ယာဉ်ရပ်နားခွင့် ပြုထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်အချို့
Photo: ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ်ထားသော ယာဉ်များအား အရေးယူရန်စီစဉ် ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ်ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်မှစတင်၍ အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
သူတို့ဘာလို့ မရပ်ကြတာလဲလို့ပြောတော့ ကားပါကင် လုပ်ပေးထားတဲ့ နေရာမှာ ဈေးသည်အချို့ ဈေးရောင်းနေလို့တဲ့။ အဲဒီအတွက် ဈေးသည်တွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလို ရှင်းလင်းပြီးပေမယ့် ကားတွေလမ်းမပေါ် တက်ပြီးရပ်နေမယ် ဆိုရင်တော့ အရေးယူသွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
''အခမဲ့ကားပါကင်တွေ လုပ်ပေးထားပေမဲ့ အချို့နေရာတွေမှာ ကားရပ်ဖို့က နေရာနည်းနည်း ကျဉ်းနေတဲ့အပြင် ဓာတ်တိုင်တွေလည်း ခံနေတော့ ကားရပ်ဖို့ ခက်ခဲတဲ့အပိုင်း အချို့လည်း ရှိပါတယ်'' ဟု ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့တွင် ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့ နေရာအတော်များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ ထို့အပြင် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။ ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများအတွက် ယာဉ်ရပ်နားခ ပေးဆောင်မှုအား ဧပြီလမှစ၍ ကောက်ခံခြင်း မပြုတော့ဘဲ အခမဲ့ ယာဉ်ရပ်နားခွင့် ပြုထားကြောင်း သိရသည်။
EMG
ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်အချို့