အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 June, 2013

မန္တလေးဗဟိုပြု ကုန်သွယ်ရေးလမ်းကြောင်းများကို Mobile Team အဓိကစစ်ဆေးမည်

မန္တလေးတိုင်းဒေသကြီး လှုပ်ရှား ရှာဖွေ တားဆီးရေးအဖွဲ့ (Mobile Team) သည် မန္တလေးဗဟိုပြု ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မန္တလေး-ပြင်ဦးလွင် လမ်းမကြီး၊ မိုးကုတ်-မန္တလေး လမ်းမကြီး၊ မန္တလေး-ရန်ကုန် လမ်းမကြီး၊ မန္တလေး-မုံရွာ ကားလမ်းမ၊ ဧရာဝတီ မြစ်ဆိပ်ကမ်းများ၊ မန္တလေး ဘူတာကြီး၊ အဝေးပြေး ကားဝင်းများ၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရားမဝင် ကုန်စည် စီးဆင်းမှု ရှိမရှိ အဓိကထား စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောကြားသည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း
ဖြစ်သည့် မန္တလေး-မူဆယ် လမ်းပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ကုန်စည် သယ်ဆောင်မှုကို စစ်ဆေးရန်အတွက် Mobile Team အဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်ဇံက ထပ်မံ ပြောကြားသည်။

မန္တလေး အုပ်ချုပ်ရေးအဖွဲ့များ၊ အကောက်အခွန်ဌာန၊ ရဲတပ်ဖွဲ့၊ မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနနှင့် မီဒီယာတို့ ပါဝင်သည့် ၁၈ ဦးအဖွဲ့ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးစီးကာ တရားမဝင် ကုန်စည် လှုပ်ရှားရှာဖွေ တားဆီးမှု စစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် မန္တလေး-မူဆယ် လမ်းပိုင်းတွင် ၂၀၁၂ ခုနှစ် ဒီဇင် ဘာလက စတင်ကာ တရားဝင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလအတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အလိုက် တာဝန်ယူ စစ်ဆေးရေးအတွက် လွှဲပြောင်းပေးရန် စီစဉ်လျက် ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

“စစ်ဆေးရေးအဖွဲ့က ဖွဲ့စည်း ပြီးသွားပြီ။ စစ်ဆေးရေးနဲ့ ပတ်သက်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ပူးတွဲ သင်ကြားပြီး လုပ်ငန်း လွဲပြောင်းယူဖို့ပဲ ကျန်တော့တယ်၊ ဌာနဘက်က အကြောင်း မပြန်သေးတော့ ဘယ်အချိန်မှာ လုပ်ငန်း စမယ်ဆိုတာပြောလို့ မရသေးဘူး”ဟု စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ဇံက ဆိုသည်။

နယ်စပ် ကုန်သွယ်ရေးတွင် အဓိက လမ်းကြောင်း ဖြစ်သည့် မူဆယ်-မန္တလေး လမ်းပိုင်းတွင် တရားမဝင် ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် ကုန်သွယ်မှု ပမာဏ တိုးလာကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...