အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 June, 2013

ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်နေရာတွင်သရုပ်ဆောင်သူများစမ်းသပ်ရိုက်ကူး

မေလ ၂၅ ရက်နေ့မှစတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင် မည့် ကျော်ကျော် မျိုးနှင့် ဒေါ်ခင်ကြည်နေရာ မှာ သရုပ်ဆောင်မည့် ဇာခြည်လင်း၊ သင်းမြတ်သန္တာလှိုင်တို့အား ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက် ရေးကော်မ တီရုံးခန်း၌ စမ်းသပ်ရိုက် ကူးခြင်းပြုလုပ်၍ လေ့ကျင့်သင် ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
” ခုဟာက သရုပ်ဆောင်ပိုင်းကို အဓိကထား သင်ကြားပေးနေတာပေါ့။ ဒီဒေါ်ခင်ကြည်နေရာ ဇာတ်ရုပ်အတွက်တော့ မဟုတ်သေးဘူးပေါ့။ ဘယ်လိုလေးတွေ သရုပ်ဆောင်ရမယ်ဆိုတာလေးတွေ၊ အခြေခံလေးတွေလောက်ပါပဲ။ ခုလိုလေးသင်တန်းပေးပြီးလုပ် တဲ့အခါမှာအမှားတွေကတော့ အများ ကြီးရှိတယ်။သင်ပေးတာလည်းမမှန်မချင်းပြန်ပြီးတော့လုပ်ခိုင်း တယ်လေ။ အခက်အခဲ ကတော့ အရမ်းကြီးမရှိပါဘူး။ သူတို့က မလုပ်ခင်ပြောပြတယ်။

ဘယ်လိုကြည့်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ လေးတွေကိုပြောပြတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒါပဲ ထပ်ထပ်ပြန် လုပ်ကြည့်ပါတယ်” ဟု ဒေါ်ခင်ကြည်နေရာအတွက် ရွေးချယ်ထားသူ တစ်ဦးဖြစ်တဲ့သင်းမြတ်သန္တာလှိုင် ကသင်ကြားပြသပေးနေ မှုနှင့်ပတ် သက်၍ ပြောပြခဲ့သည်။

သိမ့်သိမ့်

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...