အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 June, 2013

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်ရေး ဂျပန် ငွေချေးမည်

မြန်မာနိုင်ငံ၏ အဓိက ရထားလမ်းဖြစ်ပြီး ကီလိုမီတာ ၆၄၀ ကျော် ရှည်လျားသော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့် မြှင့်တင်ရေး စီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်အစိုးရက ချေးငွေ ထုတ်ပေး မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထား သည်။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ဂျပန် အစိုးရ၏ ထောက်ပံ့မှုဖြင့် အဆိုပါ စီမံကိန်းအတွက် စစ်တမ်းကောက်ခြင်း၊ အကြို လေ့လာစမ်းသပ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွက် Master Plan ရေးဆွဲပေးသည့်အပြင် ကုန်ကျစရိတ်များကိုလည်း တွက်ချက် ပေးခဲ့ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးက ပြောကြားသည်။

ထို့ကြောင့် အဆိုပါ ရထားလမ်း အဆင့် မြှင့်တင်ရေး စီမံကိန်းကို ဂျပန်အစိုးရ ၏ အကူအညီဖြင့်သာ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရဦးသောင်းလွင် က ပြောကြားကြောင်း ယင်းသတင်းဌာနများ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းစီမံကိန်းအတွက် ကုန်ကျမည့် အမေရိကန်ဒေါ်လာ ၁ဒသမ ၇ ဘီလီယံ ကို ဂျပန်အစိုးရက ဖွံ့ ဖြိုးဆဲ နိုင်ငံများကို ပေးအပ်သည့် အတိုးနှုန်း သက်သာ ချေးငွေစနစ်ဖြစ်သော Yens Loans များ ပေးအပ်မည်ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ကိုးကား ဖော်ပြထားသည်။

ဂျပန်အစိုးရ လက်အောက်ရှိ ဂျပန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ သည် မြန်မာနိုင်ငံအတွင်း မြို့ ပြ ဖွံ့ဖြိုးရေး ၊ အခြေခံ အဆောက်အဦ၊ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး စသည့် ကဏ္ဍစုံအတွက် ၎င်းတို့ အသုံးစရိတ်ဖြင့် စစ်တမ်း ကောက်ခြင်း၊ အကြိုလေ့လာ စမ်းသပ်မှုများ ပြုလုပ်၍ Master Plan ရေးဆွဲကာ
မြန်မာအစိုးရထံ တင်ပြကြောင်း အဆိုပါ ရုံးအဖွဲ့မှူးက ဆိုသည်။

ယင်း Master Plan ကို မြန်မာအစိုးရဘက်က လက်ခံ၍ လုပ်ငန်းဆောင်ရွက် မည် ဆိုပါက ကုန်ကျစရိတ်အတွက် ဂျပန်အစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံများ ကို ထောက်ပံ့သည့် အစီအစဉ်အရ အတိုးနှုန်းသက်သာ ချေးငွေ ထုတ်ပေးလေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဂျပန်နိုင်ငံအစိုးရသည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်အတွင်း
မြန်မာနိုင်ငံအတွင်း အခြေခံ အဆောက်အဦ ကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတို့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် (ဂျပန်ယန်း ၅၁ ဘီလီယံကျော်) ထပ်ချေးခဲ့သည်။

ယင်းချေးငွေများသည် ဂျပန်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးအပ်သည့် တိုးနှုန်းသက်သာ ချေးငွေဖြစ်ပြီး အတိုးနှုန်းမှာ ၀.၀၁ ရာခိုင်နှုန်းဖြစ်ကာ သတ်မှတ်ကာလမှာ နှစ် ၄၀ ဖြစ်ကြောင်း ဂျပန်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...