အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 June, 2013

ဘီဘာနှင့် ချစ်သူဖြစ်နေကြောင်း သတင်းများကို မိုင်လီဆိုင်းရပ်စ် ငြင်းဆို

ဘီဘာနှင့် မိုင်လီတို့ နှစ်ဦးအား လော့စ်အန်ဂျလိစ်ရှိ နိုက်ကလပ် တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ တွေ့မြင်ရသည့်နောက် ၎င်းတို့နှစ်ဦး ဇာတ်လမ်းဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းလာ . . . . .
 ဂျက်စတင်ဘီဘာနှင့် ချစ်သူဖြစ်နေကြောင်း သတင်းများကို မိုင်လီဆိုင်းရပ်စ်က ပယ်ချလိုက်ပြီး မိမိသည် စေ့စပ်ထားသူ တစ်ဦးသာဖြစ်ကြောင်း ပြောကြားလိုက်သည်။ မိုင်လီသည် လက်ရှိချစ်သူ လီယမ်ဟမ်းဆွော့သ်နှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသလို ဘီဘာနှင့် တွဲလျှက်သား တွေ့မြင်ရသည့် အခြေအနေများကြောင့် ကောလာဟလများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘီဘာနှင့် မိုင်လီတို့ နှစ်ဦးအား လော့စ်အန်ဂျလိစ်ရှိ နိုက်ကလပ် တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ တွေ့မြင်ရသည့်နောက် ၎င်းတို့နှစ်ဦး ဇာတ်လမ်းဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းလာခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အပြန်အလှန် သိကျွမ်းခဲ့သည်မှာ နှစ်နှင့်ချီ ကြာမြင့်နှင့်ပြီးဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရုဇ်ဗဲ့လ်ဟိုတယ်ရှိ ကလပ်တွင် အတူတွေ့ရခြင်း ဖြစ်သည်။

အသက်(၂၀)အရွယ် မိုင်လီကမူ သူမသည် လီယမ်နှင့် စေ့စပ်ထားဆဲသာ ဖြစ်ကြောင်း တွင်တွင် ပြောကြားခဲ့သည်။ "ဘယ့်နှယ် ဒီသတင်းတွေ ဖြစ်နိုင်မှာလဲ။ ကျွန်မက စေ့စပ်ထားသူလေ"ဟု မိုင်လီက ဆိုသည်။ ဘီဘာသည် ချစ်သူ Disneyစတား အဆိုတော် မင်းသမီးလေး ဆယ်လီနာဂိုမက်ဇ်နှင့် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် ယင်းသည် မိုင်လီနှင့် ဘီဘာတို့ကြား ခင်မင်မှုကို ဆယ်လီနာက မနာလို ဖြစ်ခဲ့ခြင်းကြောင့်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

လီယမ်နှင့် မိုင်လီတို့ကြား အချစ်ရေးမှာလည်း အတန်ငယ် အက်ကြောင်းထင်နေသည်ဟု ယူဆရပြီး လီယမ်၏ အစ်ကိုဖြစ်သူ ခရစ်ဟမ်းဆွော့သ်က လီယမ်အား မိုင်လီကို စွန့်ခွာရန် အကြံပေးခဲ့ကြောင်း ဟောလီးဝုဒ် အတင်းအဖျင်း ဝက်ဘ်ဆိုက်အချို့က ရေးသား ဖော်ပြခဲ့သည်။

Planet.com.mm
နိုက်ကလပ်တွင် အတူတွေ့မြင်ရသည့် ဘီဘာနှင့် မိုင်လီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...