မိမိတို့၏
နိုင်းလ်မြစ်ပေါ်မှ ရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အီသီယိုးပီးယားက ကြေညာလိုက်သည်။ ဘလူးနိုင်းလ်
မြစ်ကြီးပေါ်တွင် အီသီယိုးပီးယားက GERD ရေကာတာ စီမံကိန်း အကောင်အထည်
ဖော်နေခြင်းကြောင့် အီဂျစ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ထားသည်။အဆိုပါ ရေကာတာကြောင့် အီဂျစ်ကို ဖြတ်သန်းစီးဆင်းသော
နိုင်းလ်မြစ်အပိုင်းတွင် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်ပြီး
နိုင်းလ်မြစ်မရှိပါက အီဂျစ်ပါ မရှိနိုင်တော့ဘဲ ဖြစ်သွားမည်ဟု အီဂျစ်
နိုင်ငံရေးသမားများက ပြောကြားထားသည်။
သို့သော်လည်း အီသီယိုးပီးယား၏ မြို့တော် အက်ဒစ် အဘာဘာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံတကာရေးရာ ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ ဒီနာမက်ဖ်တီက ရေကာတာ စီမံကိန်းကို ရှေ့ဆက် လုပ်ဆောင်သွားမည်ဟု ပြောကြားသွားသည်။
Planet.com.mm