အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 June, 2013

မန်ယူ၏ ဘောလုံးသံတမန်အဖြစ် ဘက်ဟမ်းကို ကမ်းလှမ်းဖွယ်ရှိ

ယူနိုက်တက် အသင်းပိုင်ရှင် အမေရိကန် သူဌေးများဖြစ်သော ဂလေဇာ မိသားစုက ဘက်ဟမ်း အနေဖြင့် အသင်း၏ ကြီးမားပြီးသား ကမ္ဘာသိ ပုံရိပ်ကို ပိုမို မြှင့်တင်နိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။
 မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ သံတမန် ရာထူးအတွက် ထမ်းဆောင်ခွင့် ရှိလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယူနိုက်တက် အသင်းပိုင်ရှင် အမေရိကန် သူဌေးများဖြစ်သော ဂလေဇာ မိသားစုက ဘက်ဟမ်း အနေဖြင့် အသင်း၏ ကြီးမားပြီးသား ကမ္ဘာသိ ပုံရိပ်ကို ပိုမို မြှင့်တင်နိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ အဆိုပါ အခြေအနေအတွက် ဘက်ဟမ်းကို သံတမန်ရာထူး ကမ်းလှမ်းနိုင်ရေးသည် အသင်းမန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံမှ အကူအညီ ရယူရဖွယ် ရှိနေသည်။

ဖာဂူဆန်နှင့် ပြဿနာ အချို့ကြောင့် ယူနိုက်တက်မှ ဘက်ဟမ်း (၂၀၀၃)ခုနှစ်တွင် ထွက်ခွာသွားခဲ့သော်လည်း ဆရာတပည့် နှစ်ဦး၏ ဆက်ဆံရေးမှာ နောက်ပိုင်းတွင် ပြန်လည် ကောင်းမွန်လာခဲ့သည်။ ယူနိုက်တက်တွင် ဒါရိုက်တာ ရာထူးတစ်နေရာ ရယူမည့် ဖာဂူဆန်သည် ဘက်ဟမ်းကိစ္စတွင် အသင်းကို ကူညီသွားဖွယ် ရှိနေသည်။ အိုးလ်ထရက်ဖို့ဒ်နှင့် နီးစပ်သူများက "ဂလေဇာတွေက ဘက်ဟမ်းရဲ့ ပုံရိပ်ဟာ အသင်းအတွက် ကြီးကြီးမားမား အကျိုးအမြတ် ဖြစ်စေမယ်လို့ ယုံကြည်နေကြတယ်။ ဆာအဲလက်စ်ကတော့ ဒီကဏ္ဍမှာ ပါဝင်လာဖို့ ရှိနေတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကတော့ စိတ်ဝင်စားစရာပဲ"ဟု ပြောကြားခဲ့ကြသည်။ ဘက်ဟမ်းသည် ပြီးခဲ့သည့်လက PSGတွင် ကစားနေရာမှ ဘောလုံးလောကကို စွန့်ခွာ အနားယူရန် ဆုံးဖြတ်ခဲ့သည်။

အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် ၎င်းဘဝတွင် ယူနိုက်တက်ကို ထာဝရ တွယ်တာနေဆဲဖြစ်ကြောင်း အစဉ်သဖြင့် ပြောဆိုလေ့ ရှိသည်။ ၎င်းသည် ပေါင်စတာလင် သန်း(၂၀)မျှ တန်ကြေးရှိသည့် (၅)နှစ် သက်တမ်း စာချုပ်တစ်ရပ်ကိုလည်း Sky TV၏ တင်ဆက်သူအဖြစ် ပါဝင်ရန် သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...