အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 June, 2013

ဂျက်စတင် ဘီဘာနှင့် ပြန်လည် လက်တွဲမည် မဟုတ်ဟု ဆလီနာဂိုမက်ဇ် အခိုင်အမာ ပြောကြား

ဒစ်စနေး ရုပ်သံ မင်းသမီးချော ဆလီနာဂိုမက်ဇ်က သူမ၏ချစ်သူ ဆယ်ကျော်သက် အဆိုတော် ဂျက်စတင်ဘီဘာနှင့် မည်သည့်အခါမျှ ထပ်မံလက်တွဲ သွားမည် မဟုတ်ဟု မကြာသေးမီက ပြောကြားခဲ့ကြောင်း သိရသည်။ ကနေဒါ အဆိုတော် ဂျက်စတင် ဘီဘာနှင့် ဆလီနာ ဂိုမက်ဇ်တို့ ချစ်သူစုံတွဲသည် ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်း ကတည်းက ၎င်းတို့၏ ချစ်ခရီးကို ပြတ်လိုက်ဆက် လိုက်ဖြင့် လျှောက်လှမ်းခဲ့သည်။ ၎င်းတို့နှစ်ဦး ပြန်လည် လက်တွဲနေပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆလီနာကမူ ထပ်မံ၍ လက်တွဲတော့မည် မဟုတ်ဟု အခိုင်အမာ ပြောကြား လိုက်သည်။

ဆလီနာသည် သူမကိုယ်သူမ နတ်မိမယ်တစ်ပါးဟု မယူဆသော်လည်း ဂျက်စတင် ဘီဘာသည် သူမ၏ စံထားလောက်သော ချစ်သူတစ်ယောက် မဟုတ်ကြောင်း၊ ဆလီနာ၏ သူငယ်ချင်းများ ကလည်း ၎င်းတို့နှစ်ဦးကို အပြီးတိုင် လမ်းခွဲကြရန် တိုက်တွန်းကြကြောင်း ဆလီနာ၏ အတွင်းသိ တစ်ဦးက ပြောကြားခဲ့သည်။ ဂျက်စတင်ဘီဘာသည် ယခုအခါ နာမည်ကျော်ကြားမှု အနည်းငယ် ကျဆင်းနေသဖြင့် ဆလီနာ အနေဖြင့် အားပေးရမည် ဖြစ်သော်လည်း ဂျက်စတင်ဘီဘာ၏ ကလေးဆန်သော အပြုအမူများကို ဆလီနာက သည်းခံနိုင်တော့မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...