အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 June, 2013

ဆက်သွယ်ရေးလိုင်စင် အိန္ဒိယကုမ္ပဏီကို စဉ်းစားပေးရန် အိန္ဒိယဝန်ကြီး တောင်းဆို

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် အိန္ဒိယ ကုမ္ပဏီ Bharti Airtel ကို လိုင်စင် တစ်နေရာ စဉ်းစားပေးရန် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဦးမြတ်ဟိန်းထံ အိန္ဒိယနိုင်ငံစီးပွားရေးနှင့်စက်မှု ဝန်ကြီး အာနန်းရှရ်မားက တောင်းဆိုခဲ့ကြောင်း India Times သတင်းစာ တွင် ဖော်ပြထားသည်။
အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသည့် အိန္ဒိယ စီးပွားရေးနှင့် စက်မှုဝန်ကြီးသည် မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် အထက်ပါ အတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးနှစ်ဦး တွေ့ဆုံစဉ် လိုင်စင်နှင့် ပတ်သက်၍ အိန္ဒိယကုမ္ပဏီ၏ ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုစွမ်းရည်ကို အပြည့်အဝယုံကြည် ပါကြောင်း၊ လိုင်စင် ရွေးချယ်ရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်မည်ကို အာမခံပါကြောင်း ဦးမြတ်ဟိန်းက ပြန်ကြားခဲ့ သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ဆက်သွယ်ရေး လိုင်စင် ရွေးချယ်ရာတွင် နိုင်ငံတကာစံညွှန်းနှင့်အညီ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားပြီး ယင်းအတိုင်းသာ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရ ကုမ္ပဏီအဖွဲ့ အစည်းတစ်ခုခု၏ ဖိအားပေးခြင်းကိုမဆို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း တင်ဒါရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

“ပြောထားတဲ့အတိုင်းပါပဲ။ ဒီကိစ္စက နိုင်ငံ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေပါတယ်။ အားလုံးအကျိုးအတွက် အဘက်ဘက်က အတော်ဆုံး အကောင်းဆုံးအဖွဲ့ ကိုပဲ စဉ်းစားရွေးချယ်မှာပါ” ဟု ၎င်းကဆိုသည်။

ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်အတွက် နိုင်ငံတကာကုမ္ပဏီ ၁၁ ခု အပြင်း အထန် ပြိုင်ဆိုင်လျက်ရှိရာ ကုမ္ပဏီအချို့ကို သက်ဆိုင်ရာ အစိုးရ၏ ကူညီ အားပေးမှုမှာ နိုင်ငံရေး ကစားကွက်တစ်ခုသာဖြစ်ကြောင်း၊ မိမိတို့အနေနှင့် တင်ဒါကော်မတီကို အပြည့်အဝယုံကြည်ပြီးဖြစ်၍ ယင်းအပေါ် လုံးဝသံသယ ကင်းရှင်းကြောင်း တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လိုင်စင်တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများ၏ သက်ဆိုင်ရာ နိုင်ငံ များဖြစ်သောအမေရိကန်၊ စင်ကာပူ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံ အစိုးရတာဝန်ရှိသူ များက မြန်မာနိုင်ငံ အစိုးရအဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်၍ ယှဉ်ပြိုင်မှုတွင် အားသာချက်ရရှိရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း ၎င်းက ထောက်ပြ သည်။

အိန္ဒိယအခြေစိုက် Bharti Airtel ကုမ္ပဏီသည် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိလျှင် အမေရိကန် ဒေါ်လာ သန်းတစ်ထောင်ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၎င်းတို့၏ အသက်သာဆုံးနှုန်းထားဖြင့် ဖုန်းပြောဆိုနိုင် သည့် ဝန်ဆောင်မှုက လိုင်စင်အတွက် အဓိက အားသာချက်ဖြစ်မည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...