အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 June, 2013

လက်နက်ကိုင်တပ်ဖွဲ့များ ကလေးစစ်သား စုဆောင်းမှု ချက်ချင်းရပ်ရန် ကုလတိုက်တွန်း

ကလေးစစ်သား စုဆောင်းမှု စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသေးသည် ဆိုသော မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်ရှိ လက်နက်ကိုင် တပ်ဖွဲ့များတွင် အသက် ၁၈ နှစ်အောက် ကလေးစစ်သား စုဆောင်းမှု ချက်ချင်း ရပ်တန့်ရန် ၂၀၁၂ ခုနှစ် Children and Armed Conflict အစီရင်ခံစာက တိုက်တွန်း ထားသည်။
 လက်နက်ကိုင် ပဋိပက္ခ ဒေသတွင် နေထိုင်သူကလေးများ စစ်မှုထမ်းရန် စုဆောင်း ခံရမှုများအပြင် စာသင်ကျောင်းနှင့် ဆေးရုံများတွင် ကလေးငယ်များ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၊ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခံမှုများကိုလည်း ရပ်တန့်ရန် ယင်းအစီရင်ခံစာတွင်
ဖြည့်စွက် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ပညာပေး ဆောင်ရွက်မှုများကြောင့် ကလေးစစ်သား စုဆောင်းမှု ကျဆင်း လာသော်လည်း စိုးရိမ်ဖွယ် အခြေအနေတွင် ကျန်ရှိနေသေးကြောင်း ၊ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင် ကလေးစစ်သား စုဆောင်းမှု ၂၃၆ မှု ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၂၇၄ မှုထိ တိုးခဲ့ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင်လည်း ကလေးစစ်သား စုဆောင်းမှုများ ရှိခဲ့ကြောင်း စစ်မှုထမ်း စုဆောင်းခံရသူ ကလေးများသည် မြေမြှုပ်မိုင်း ရှာဖွေရာ ဓားစာခံအနေနှင့် အသုံးပြုခံ ကြရပြီး တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများတွင် ဗုံးဒဏ်၊ သေနတ်ဒဏ်များ ခံစားခဲ့ရကြောင်း ယင်းအစီရင်ခံစာတွင်
ရေးသားထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားဝင် ထုတ်ပြန်ထားသော စာရင်းအရ တပ်မတော် အပါအဝင် မြန်မာနိုင်ငံတွင် လက်နှက်ကိုင်တပ်ဖွဲ့ ရှစ်ခု ရှိပြီး DKBA(တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်) ၊ ကေအိုင်အေ (ကချင် လွတ်လပ်ရေး တပ်မတော်) ၊ KNLA (ကရင် အမျိုးသား လွတ်လပ်ရေး တပ်မတော်)၊ KNU/KNLA ကရင် အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသား လွတ်လပ်ရေးတပ်၊ KA (ကရင်နီ လွတ်လပ်ရေး တပ်မတော် ) ၊ SSA (ရှမ်းပြည်နယ် တောင်ပိုင်း တပ်မတော်)၊ UWSA (ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်) တို့ပါဝင်သည်။

သို့သော် မြန်မာအစိုးရသည် ၂၀၁၂ ခုနှစ် ဇွန်လတွင် ကလေးစစ်သား စုဆောင်းမှု တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်ကို ရေးထိုးထားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...