ရခိုင်ပြည်နယ်၌ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ရလဒ်မှာ
၂၁.၇၂ ရာခိုင်နှုန်းသာ ရှိခြင်းကြောင့် ယမန်နှစ်ကထက် လျော့ကျသည်ဟု
ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအော င်ချက်နည်းရခြင်းမှာ
ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် သင်ခန်းစာမကြေညက်ခြင်း ၊
မိဘများအနေဖြင့် ကလေး၏ ပညာရေးစနစ်အား ပြုပြင်အားပေးမှု
မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးဟန်စိန်က ဆိုသည်။ ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်စာမေးပွဲ ၂၀၁၁ခုနှစ်တွင်
၂၆.၈၁ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၂၃.၈၈ ရာခိုင်နှုန်း ၂၀၁၃ခုနှစ်တွင် ၂၁.၇၂
ရာခိုင်နှုန်း ရှိခြင်းဖြစ်သည်။
စစ်တွေမြို့ရှိ အထက(၁)တွင် ဖြေဆိုသူ (၂၉၆)ဦီးရေခန့်ရှိပြီး အောင်မြင်သူ (၆၉) ဦးသာရှိခဲ့ကြောင်း ၊ အထက(၂)တွင် ဖြေဆိုသူ (၆၃၂)ဦးရှိသည့်အနက် အောင်မြင်သူ(၂၆၁) ဦးသာရှိကြောင်း သိရှိရသည်။
“ကျွန်တော်က အောင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေထဲမှာ
မအောင်တဲ့သူတွေများတယ်၊ ကျွန်တော်က ရိုးရိုးအောင်တာပါ၊ စာမေးပွဲအောင်တော့
ပျော်တာပေါ့၊ တခြားလူတွေကိုလည်း အောင်စေ ချင်တယ်”ဟု အထက(၁)မှ
ကျောင်းသားတစ်ဦးက ပြောသည်။
စစ်တွေမြို့တွင် ၆ ဘာသာဂုဏ်ထူး (၅)ဦး ၊ ၅ဘာသာဂုဏ်ထူး (၉) ဦး၊ ၄ ဘာသာဂုဏ်ထူး (၁၂ )ဦး၊ ၃ဘာသာ ဂုဏ်ထူး (၁၁) ဦး ၊ ၂ဘာသာဂုဏ်ထူး (၁၅) ဦးနှင့် ၁ဘာသာဂုဏ်ထူး (၅၀) ဦး အောင်မြင်သည်ဟု သိရသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းနည်းပါးပြီး
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အလိုက် အောင်ချက် အမြင့်မြို့နယ်မှာ
အမ်း၌ (၂၇.၉၈)ရာခိုင်နှုန်း ဂွ၌ (၂၇.၂၉)ရာခိုင်နှုန်း၊ သံတွဲတွင် (၂၇.၁၀)
ရာခိုင်နှုန်း ပေါက်တောမြို့တွင် (၂၆.၅၇)ရခိုင်နှုန်း အသီးအသီးရှိပြီး
ပြည်နယ်၏မြို့တော် စစ်တွေတွင် (၂၃.၂၅) ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
“ ဒီနှစ်က အောင်ချက် နည်းတဲ့ နှစ်လို့လည်း ပြောလို့ရတယ်၊ ဘာလို့ဆိုတော့ တစ်နှစ်လုံးနီးပါး ရခိုင်ပြည်နယ် မှာ ပဋိပက္ခတွေနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတော ကလေးတွေအတွက် ကံဆိုးခဲ့တဲ့နှစ်ပဲ၊ ကျွန်တော့်သားလည်း ဒီနှစ်မအောင်ဘူး၊သူတို့မကြိုးစားတာကိုလဲ အပြစ်ပြောလို့မရဘူး၊ တစ်နှစ်လုံးနီးပါး စိုးရိမ်မှုတွေနဲ့ဘဲ ဖြတ်သန်းခဲ့ရတာ”ဟုစစ်တွေမြို့မှကျောင်းသား မိဘတစ်ဦးက ပြောသည်။
မြစ်မခမီဒီယာ
ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအော
စစ်တွေမြို့ရှိ အထက(၁)တွင် ဖြေဆိုသူ (၂၉၆)ဦီးရေခန့်ရှိပြီး အောင်မြင်သူ (၆၉) ဦးသာရှိခဲ့ကြောင်း ၊ အထက(၂)တွင် ဖြေဆိုသူ (၆၃၂)ဦးရှိသည့်အနက် အောင်မြင်သူ(၂၆၁) ဦးသာရှိကြောင်း သိရှိရသည်။
“ကျွန်တော်က အောင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေထဲမ
စစ်တွေမြို့တွင် ၆ ဘာသာဂုဏ်ထူး (၅)ဦး ၊ ၅ဘာသာဂုဏ်ထူး (၉) ဦး၊ ၄ ဘာသာဂုဏ်ထူး (၁၂ )ဦး၊ ၃ဘာသာ ဂုဏ်ထူး (၁၁) ဦး ၊ ၂ဘာသာဂုဏ်ထူး (၁၅) ဦးနှင့် ၁ဘာသာဂုဏ်ထူး (၅၀) ဦး အောင်မြင်သည်ဟု သိရသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင
“ ဒီနှစ်က အောင်ချက် နည်းတဲ့ နှစ်လို့လည်း ပြောလို့ရတယ်၊ ဘာလို့ဆိုတော့ တစ်နှစ်လုံးနီးပါး ရခိုင်ပြည်နယ် မှာ ပဋိပက္ခတွေနဲ့ကြုံတွေ့ခဲ့ရတယ
မြစ်မခမီဒီယာ