အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 June, 2013

ကဘူးလ်မြို့လေဆိပ်အနီး တိုက်ပွဲတွင် စစ်သွေးကြွ ၇ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော် လေဆိပ်အနီးတွင် စစ်သွေးကြွများက အပြင်းအထန် တိုက်ခိုက်ခဲ့ရာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့နှင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကဘူးလ် နိုင်ငံတကာ လေဆိပ်၏ မြောက်ဘက်ပိုင်း အနီးတွင် စစ်သွေးကြွများက ဒုံးကျည်များကိုပါ အသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း လုံခြုံရေး တာဝန်ခံ တစ်ဦးကဆိုသည်။
"စစ်သွေးကြွ အရေအတွက် (၇)ယောက်လောက်က ဆောက်လုပ်စတိုက်တစ်တိုက်ကို ထိန်းချုပ်ပြီး RPGတွေနဲ့ လေဆိပ်ကို လှမ်းပစ်ခဲ့တာပါ"ဟု အဆိုပါ လုံခြုံရေး အရာရှိက Xinhuaသို့ ပြောကြားခဲ့သည်။ အဆိုပါ လုံခြုံရေး တာဝန်ခံ၏ အမည်ကိုမူ သတင်းဌာနက ဖော်ပြခဲ့ခြင်း မရှိချေ။ အပြန်အလှန် တိုက်ခိုက်မှုများအပြီးတွင် စစ်သွေးကြွး ၇ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

အနည်းဆုံး RPGထိပ်ဖူး (၁၅)ခုမျှကို စစ်သွေးကြွတို့က ပစ်ခတ်ခဲ့ကြောင်း မျက်မြင် တစ်ဦးဖြစ်သော မိုဟာမက် ဝါဆင်မ်က ပြောကြားခဲ့သည်။ ပထမဆုံး RPG ပစ်ခတ်မှု ပြီးကတည်းက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါ နေရာသို့ ရောက်ရှိလာပြီးနောက် စစ်သွေးကြွများနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း စစ်သွေးကြွများသည် ပစ်အားကောင်းသော သေနတ်များအပြင် အသေခံ ဗုံးသမားများ ဝတ်ဆင်သည့် ဖောက်ခွဲရေး ကိရိယာများ ပါရှိသော ဂျာကင်များကိုပါ ဝတ်ဆင်ထားသည်ဟု ယူဆရသည်။ နောက်ဆုံးသိရှိရသော သတင်းများအရ ယခုတိုက်ခိုက်မှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့က ပြောကြားလိုက်သည်ဟု သိရှိရသည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...