ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ၊ ဒါဏ်ရာရ ပွဲပါယ် စာရင်းများကို တင်ပြအပ်ပါသည်။
ဖူလ်ဟမ်အသင်းမှာ
ဂိုးသမား မာတင် စတီကီလန်ဘတ် ပုခုံးဒါဏ်ရာ ရရှိနေသည့်အတွက် ဒေးဗစ်
စတော့ဒ်ဒေး ပွဲထွက် ပါဝင်လာမည် ဖြစ်သည်။ အသစ်ရောက်ရှိလာတဲ့
စပါးကစားသမားဟောင်း စကော့တ်
ပါကားလည်း ဒီပွဲမှာ ပါဝင်လာနိုင်သည်။
အာဆင်နယ်အသင်းမှာတော့
လော့ရင့် ကိုစီယယ်လ်နီ ဟာ ပြီးခဲ့သည့် ဗီလာနှင့်ပွဲမှ အနီကဒ်
ပြစ်ဒါဏ်ကြောင့် လွဲချော်မည် ဖြစ်သည်။ သောမတ်စ် ဗာမေလင်နှင့်
ချန်ဘာလိန်တို့ ဒါဏ်ရာကြောင့် လွဲချော်မည် ဖြစ်ပြီး နာချို မွန်ရီယယ်ကတော့
ယခုပွဲစဉ်မှာ ပါဝင်လာမည် ဖြစ်သည်။
☻ ယခုနှစ်သင်း တွေ့ဆုံခဲ့သည့် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ သရေကျခဲ့သည်။
☻
ဖူလ်ဟမ် အသင်းဟာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့သည့် နောက်ဆုံး ပရီးမီးယားလိဂ် ၂၄
ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ဖူးသည်။ အနိုင်ရခဲ့သည့် ၃ ပွဲစလုံးဟာ ဖူလ်ဟမ်
အိမ်ကွင်း ခရေဗင် ကော့တေ့ခ်ျမှာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
☻ ဖူလ်ဟမ်အသင်း တန်းတက်လာသည့် နောက်ပိုင်း အာဆင်နယ်အသင်းဟာ ဖူလ်ဟမ် ကွင်းမှာ ၁၂ ကြိမ် ကစားခဲ့ဖူးပြီး ၈ ကြိမ် အနိုင်ရရှိခဲ့သည်။
☻ ဖူလ်ဟမ်ကွင်းမှာ ကစားခဲ့သည့် နောက်ဆု့း ၃ ပွဲမှာ အာဆင်နယ်အသင်းဟာ အနီကဒ် ၄ ကဒ်အထိ ပြသခံခဲ့ရသည်။
☻
ဖူလ်ဟမ်အသင်းဟာ နောက်ဆုံး ကစားခဲ့သည့် အိမ်ကွင်း ၄ ပွဲမှာ ၄ ပွဲစလုံး
ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက အာဆင်နယ်အသင်းကို ၀-၁ ဂိုးဖြင့်
ရှုံးနိမ့်ခဲ့သည့် ပွဲ အပါအဝင်ဖြစ်သည်။ ၂၀၁၂-၁၃ လောလုံးရာသီမှာအိမ်ကွင်း
ရှုံးပွဲ ၉ ပွဲအထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ အများဆုံး အရေအတွက်
ဖြစ်သည်။
☻ ဖူလ်ဟမ်အသင်းမှာ ပါဝင်လာမည့် ဒါရင်း ဘန့်တ် ဟာ အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ခဲ့သည့်နောက်ဆုံး ၈ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့သည်။
☻ ဖူလ်ဟမ်အသင်းဟာ နောက်ဆုံး သွင်းယူနိုင်ခဲ့သည့် ဂိုး ၈ ဂိုးမှာ ၆ ဂိုးက ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
☻
အာဆင်နယ်အသင်းဟာ မနှစ်က ဘောလုံးရာသီမှာ လန်ဒန် ဒါဘီပွဲများမှ ၁၉ မှတ်
ရယူနိုင်ခဲ့ပြီး လန်ဒန်အသင်းများအနက် ရမှတ် အများဆုံး ဖြစ်သည်။
ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပါက လန်ဒန် ဒါဘီပွဲများမှ ရမှတ် ၁၀၀
ရယူနိုင်သည့် အသင်းအဖြစ် မှတ်တမ်း တင်နိုင်မည် ဖြစ်သည်။
☻
အာဆင်နယ်အသင်းဟာ ပြီးခဲ့သည့် ဘောလုံးရာသီက ၃၇ ဂိုးသာ ပေးဂိုး ရှိခဲ့ပြီး
မန်စီးတီး ( ၃၄ ဂိုး) တစ်သင်းသာ အာဆင်နယ်အသင်းထက် ပေးဂိုး လျော့နည်းခဲ့သည်။
☻
အာဆင်နယ်တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ် သွင်းယူနိုင်ခဲ့သည့် ၁၂
ဂိုးစလုံးဟာ လန်ဒန် မြို့ပေါ်မှာ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ၁၁ ဂိုးက
အမ်းမရိတ်ကွင်းမှာ သွင်းယူခဲ့ခြင်း ဖြစ်သည်။
☻ ၂၀၁၂-၁၃ ဘောလုံးရာသီအစ နောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ အနီကဒ် အများဆုံး ပြသခံခဲ့ရသည့် အသင်းဖြစ်ပြီး ၆ ကဒ်အထိ ပြသခံခဲ့ရသည်။
football-cafe
26 August, 2013
ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
August
(18)
-
▼
Aug 26
(12)
- ပရိသတ်တွေမေးကြတဲ့ မိုးအောင်ရင်ရဲ့ အချစ်ရေး
- ဆံပင်ဒီဇိုင်းအသစ်နဲ့ မိုးယုစံ
- ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ
- ဆီးဂိမ်းအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ အဖွင့်ရက်တ...
- မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗ...
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမ မရိုက်တဲ့အတွက် ...
- ချမ်းမီမီကို - တစ်ကိုယ်လုံးမှာအရပ်ကိုကြိုက်တယ်
- သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရ...
- ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို...
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
-
▼
Aug 26
(12)
-
▼
August
(18)