အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 August, 2013

ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို မယူဘူး၊ အသေခံသွားမယ် ဆိုတဲ့ မြင့်မြတ်

လတ်တလောမှာ မြင့်မြတ်တစ်ယောက် အသည်းရောဂါနဲ့ ဆေးရုံတင်နေ
ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သြဂုတ်23ရက်က အမျိုးသားကဇာတ်ရုံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြဇာတ်မှာ ပါဝင်ကပြနေတဲ့မြင့်မြတ်ကို ကျန်းကျန်းမာမာနဲ့တွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးသူကပရိသတ်တွေကို အောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်``ဒီသတင်းက

 တော်တော်လေးပြောနေကြတယ်။ တချို့ဆို သေပြီလို့တောင် ပြောကြတာလေ။ အဲဒီသတင်းတွေ လုံးဝ

မဟုတ်ဘူး။ ကျွန်တော်စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်ရေးတွေနဲ့ ပုံမှန် ဇာတ်ကားတွေ ရိုက်နေတယ်။ အဓိကပြောချင်တာကတော့ ကျွန်တော်
နေကောင်းပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အခုလို စိတ်ပူပေးကြတဲ့ ပရိသတ်
တွေကို အရမ်းကျေးဇူးတင်တယ်။ ၀မ်းလည်းသာတယ်။ အသည်းရောဂါဖြစ်
နေတယ်ဆိုပြီး ဖုန်းဆက်ကြတယ်။ မက်ဆေ့ခ်ျပို့ကြတယ်။ ပရိသတ်တွေ လှမ်းမေးကြတော့ ကြားကြားချင်း ထွေထွေထူးထူး ဘာမှ တော့ မခံစားရ
ပါဘူး။ တကယ်နေမကောင်းဖြစ်ရင် ပရိသတ်ကို အသိပေးမှာပါ။

ကျွန်တော့်ကို အသည်းလှူရင် ဘာပေးမယ်၊ ညာပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် မကောင်းဘူးလေ။ တကယ်ဖြစ်ခဲ့ရင်လည်း သူများ
ဆီက အသည်းတစ်ခြမ်းကို ကျွန်တော်မယူရက်ဘူး။ ဖြစ်ရင်လည်း အသေပဲ ခံသွားမယ်´´လို့ ပြောကြားခဲ့ပါတယ်. ..

Sunday Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...