အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 August, 2013

ပရိသတ်တွေမေးကြတဲ့ မိုးအောင်ရင်ရဲ့ အချစ်ရေး

Facebook ပေါ်မှာ မိုးအောင်ရင်တို့စုံတွဲ Pre-Wedding ရိုက်ကူး ထားတဲ့ ဓာတ်ပုံကိုလည်း တွေ့ရပါတယ်။ Pre-Wedding ဓာတ်ပုံ ရိုက်ကူးထားတဲ့နောက်ပိုင်းမှာလည်း ပရိသတ်တွေအနေနဲ့ မင်္ဂလာသတင်း ဘယ်တော့ကြားရမလဲဆိုတာနဲ့ ပတ်သက်ပြီး မိုးအောင်ရင်ကိုမေး လာကြပါတယ်။ ပရိသတ်တွေ မေးလာကြ တဲ့အပေါ် မှာ Pre-Wedding ဓာတ်ပုံရိုက်ခြင်းနဲ့ပတ်သက်ပြီး မိုးအောင်ရင်က..


" Facebook ကဓာတ်ပုံက ဖြစ်ချင်တော့လည်း အဲဒါက Fashion Image Magazine အတွက် ဓာတ်ပုံရိုက်ပေးတာ။ အဲဒီ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ကျွန်တော်တို့က ဖုန်းနဲ့ထပ်ရိုက်ပြီး Facebook မှာ တင်လိုက်တာ။ Facebook ဆိုတဲ့ဟာက ကိုယ် လုပ်လိုက်တဲ့အရာကို ချက်ချင်းတင်တာ လေ။ အဲဒီလိုဓာတ်ပုံတင်လိုက်တဲ့ အချိန်မှာ အားလုံးက ကျွန်တော့်ကို မင်္ဂလာဆောင်တော့မှာလားဆိုပြီး မေးလာကြတယ်။ ကျွန်တော် ပရိသတ်တွေကို ပြောချင်တာက အဲဒီ လောက်အထိ နိမိတ်မဖတ် ကြပါနဲ့လို့ ပြောချင်တယ်။ တကယ်ယူဖြစ်သွားဦး မယ်" လို့ ပြောပါတယ်။ အခုအချိန်ထိ အိမ် ထောင်ပြုဖို့အတွက် ခေါင်းထဲမှာမရှိသေး ကြောင်း၊ ရည်းစား သက်တမ်းလည်း တစ်လပဲ ရှိသေးကြောင်း မိုးအောင်ရင် က ပြောပါတယ်။

" သူနဲ့ကျွန်တော် စ ကြိုက်တုန်း ကတောင် တစ်ယောက်နဲ့ တစ် ယောက် ပြောကြ သေးတယ်။ အိမ် ထောင်ပြုဖို့ကို သူကလည်း အားမပေး သေးဘူး။ ကျွန်တော် ရောပဲဆို ပြီး ညှိယူ ကြသေး တယ်။ အခု အချိန်ထိလည်း ခေါင်းထဲမှာ အိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူး။ ကျွန်တော် တို့ ရည်းစားသက်တမ်းက လည်း တစ်လပဲရှိသေး တယ်။ အဲဒါကြောင့် ပရိသတ်တွေကို ပြော ချင်တာက ကျွန်တော် အိမ်ထောင်ပြုဖို့ အဝေးကြီးလိုပါ သေးတယ်" လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ - အိသွဲ့ (တန့်ယန်း)

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...