ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင်
ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ်
သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက
ကြေညာထားသည်။
လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က
ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း
ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ
အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
“ခရိုင်က ညွှန်ကြားတာပါ။ ညက
ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။
ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက
တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ
ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လက
ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော်
ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။
“အခု
ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ
ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့
ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးသာဌေးကပြောသည်။
“ဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့
အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ
သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ
ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့်
ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး
ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌
ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ
၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့
ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ
ဖြစ်သည်။
7Day News Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
August
(18)
-
▼
Aug 26
(12)
- ပရိသတ်တွေမေးကြတဲ့ မိုးအောင်ရင်ရဲ့ အချစ်ရေး
- ဆံပင်ဒီဇိုင်းအသစ်နဲ့ မိုးယုစံ
- ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ
- ဆီးဂိမ်းအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ အဖွင့်ရက်တ...
- မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗ...
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမ မရိုက်တဲ့အတွက် ...
- ချမ်းမီမီကို - တစ်ကိုယ်လုံးမှာအရပ်ကိုကြိုက်တယ်
- သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရ...
- ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို...
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
-
▼
Aug 26
(12)
-
▼
August
(18)