မန်ယူ အသင်းနှင့်ချဲလ်ဆီးအသင်းတို့ သည်လာမည့် တနင်္လာနေ့တွင်ရင်
ဆိုင်ကစားရတော့မည်ဖြစ်ပြီး ယင်းပွဲအပေါ် နှစ်ဖက်အသင်း အကြား
စကားစစ်ထိုးမှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။
ချဲလ်ဆီးနည်းပြမော်ရင်
ဟိုက လက်ရှိမန်ယူအသင်းပုံစံမှာ ယမန်နှစ်က ပရီးမီးယားလိဂ်ဖလား ရယူခဲ့သည့်
အရည်အချင်းမျိုး ကင်းမဲ့နေကြောင်း ဝေဖန်ခဲ့ခြင်း ဖြစ်သည်။မန်ယူအသင်းအနေဖြင့်
အဖွင့်ပွဲစဉ်တွင် ဆွမ်ဆီးအားနိုင် ခဲ့သော်လည်း အိမ်ရှင်၏ဖိအား
ပေးခြင်းအောက်ရောက်နေခဲ့ခြင်း အပေါ် မော်ရင်ဟိုက
သုံးသပ်
ကာဝေဖန်ခဲ့ခြင်းဖြစ်သည်။ ယင်း ကဲ့သို့မော်ရင်ဟို၏ စကားစစ်ထိုး မှုအပေါ်
မန်ယူနောက်ခံလူနှစ်ဦး ဖြစ်သူ ဂျွန်နီအီဗန်စ်နှင့်ဖာဒီ နန်တို့က
တုံ့ပြန်ခဲ့ကြသည်။
ဂျွန်နီအီဗန်စ်က''ဒါကမော်
ရင်ဟိုရဲ့စကားစစ်ထိုးမှုပါပဲ။ ဒါ ဟာ သူ့ရဲ့ ကျွန်တော်တို့အပေါ်
စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုလာ လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန်
တော်တို့အနေနဲ့ သူ့စကားတွေ ကို အရေးထားနေစရာမလိုပါ ဘူး။ နည်းပြမိုယက်စ်က
ရာသီ အစမှာ ရလဒ်ကောင်းကောင်းနဲ့ တာမထွက်နိုင်ရင်ဖိအားအောက် ရောက်နေ
မှာဖြစ်တယ်။ သူဖိအား အောက်ရောက်လဲ ကျွန်တော် တို့က ထောက်ခံနေ မှာပါ''ဟု
ပြောခဲ့သည်။
ထို့အပြင်အီဗန်စ်က မော် ရင်ဟိုအနေဖြင့်ချဲလ်ဆီးကိုတစ်
ကျော့ပြန် လည်ရောက် ရှိလာခဲ့ပြီး နောက်၎င်း၏ပြုပြင်ပြောင်းလဲ မှုများ
ကိုစောင့်ကြည့်ရမည်ဖြစ် ကြောင်း၊ ၎င်းပြုပြင်ပြောင်းလဲ မှုများအောက်တွင်
ချဲလ်ဆီးအသင်း က အမှတ်ပေးချန်ပီယံဆုကိုပြန် လည်ရယူနိုင်မည် ဆိုခြင်းကိုနှစ်
လခန့် စောင့်ကြည့်ရမည်ဖြစ် ကြောင်း ပြောခဲ့သည်။
မန်ယူအသင်း၏နောက် ခံလူ ဖာဒီနန်ကလည်း ချဲလ်ဆီး နှင့်ရင် ဆိုင်ရမည့်ပွဲမှာ သာမန် ပြိုင်ဘက်နှင့်ကစားရမည့်ပွဲဟု သာယူဆနေ
ကာ
မြို့ခံပြိုင်ဘက် များဖြစ်သည့် မန်စီးတီး၊ လီဗာ ပူးနှင့်ပွဲစဉ်များက
တခြားအသင်း များနှင့် ရင်ဆိုင်ရသည်ထက် ပိုမို ထူးခြားသည်သာဖြစ်ကြောင်း
ပြောခဲ့သည်။
ထို့အပြင်ဘီဘီစီက တင် ဆက်နေသည့် ဘောလုံးခန့်မှန်း
အစီအစဉ်တွင် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အတွက် ရက်ဘီနာမည် ကျော်
ကစားသမားဆမ်တွန် ကင်းစ်က မန်ယူအသင်းက ချဲလ် ဆီးအားရှစ်ဂိုးပြတ်အနိုင်ရမည်ဟု
ဝင်ရောက်ခန့်မှန်းပေးခဲ့ရာ မော် ရင်ဟိုနှင့် ချဲလ်ဆီးပရိသတ်များ အတွက်
မျက်မုန်းကျိုးစရာဖြစ် ခဲ့သည်။
Yangon Media Group
26 August, 2013
မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗန်နှင့် ဖာဒီနန်တုံ့ပြန်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
August
(18)
-
▼
Aug 26
(12)
- ပရိသတ်တွေမေးကြတဲ့ မိုးအောင်ရင်ရဲ့ အချစ်ရေး
- ဆံပင်ဒီဇိုင်းအသစ်နဲ့ မိုးယုစံ
- ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ
- ဆီးဂိမ်းအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ အဖွင့်ရက်တ...
- မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗ...
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမ မရိုက်တဲ့အတွက် ...
- ချမ်းမီမီကို - တစ်ကိုယ်လုံးမှာအရပ်ကိုကြိုက်တယ်
- သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရ...
- ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို...
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
-
▼
Aug 26
(12)
-
▼
August
(18)