အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 May, 2013

နေ့ခင်းမှာ မျက်လုံးပွင့်ပြီး ညဘက်မှာ မျက်လုံးပိတ်သွားတဲ့ ဘုရားဆင်းတုတော်တဲ့

ခု ဖေ့စ်ဘုတ်အကောင့်တစ်ခုမှာ သတင်းတက်လာတာတွေ့လို့ ကူးယူတင်လိုက်ပါတယ် ခင်ဗျာ။
... မဟာချိုင်မြို့၊ ဘန်ကကျောက်၊ ၀ပ်နန်းမူရ်းဘုန်းကြီးကျောင်းအတွင်းမှာ ကိုးကွယ်ထားတဲ့ ဆင်းတုတော်တစ်ဆူဟာ နေ့လည်ပိုင်းတွေမှာ မျက်လုံးပွင့်ပြီး ညပိုင်းရောက်ရင် မျက်လုံးမှိတ်သွားတယ်လို့ ဒီရက်ပိုင်းတွေမှာ နာမည်ကြီးနေပါတယ်။ အဲ့ဒီဘုရားဆင်းတုတော်ကို ဘုန်းကြီးကျောင်းထဲမှာ ကိုးကွယ်နေတာ (၇) နှစ်လောက်ရှိပါပြီ။ ခုလို မျက်လုံးတော်ဖွင့်/ပိတ်ဖြစ်နေတာကတော့ (၃) ရက်လောက်ပဲရှိပါသေးတယ်။ သူများတွေပြောပြောနေပေမဲ့ သိပ်မယုံကြည်တာမို့ ဒီနေ့ညနေပိုင်းမှာတော့ ကိုယ်တိုင်သွားကြည့်ဖြစ်ပါတယ်။ ဘုရားဖူးလာတဲ့လူတွေကတော့ တြိတ်တြိတ်တိုးပါပဲ။ ညနေပိုင်းအလင်းရောင်ရှိတဲ့အချိန်မှာ ဘုရားဆင်းတုတော်ကို ဓာတ်ပုံတွေရိုက်ထားပြီး မှောင်တဲ့အချိန်ထိ စောင့်ပြီး ထပ်ရိုက်ပါတယ်။ တကယ်ပဲ ညမှောင်လာတော့ ဘုရားဆင်းတုတော်ရဲ့ မျက်လုံးတွေ ပိတ်သွားတာကို အံ့သြဖွယ်ရာ ဖူးတွေ့လိုက်ရပါတယ်။ Facebook ပေါ်က သူငယ်ချင်းတွေကိုလည်း ရိုက်လာတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။ မှောင်ရီပျိုးလာတာနဲ့မျက်လုံးတော်မှာ တဖြည်းဖြည်းမှေးလာပြီး ညသန်းခေါင်အချိန်ဆိုလျှင် လုံးဝပိတ်သွားကြောင်း ဘုန်းကြီးကျောင်းမှ ဆရာတော်က ရှင်းပြပါတယ်။

Credit To:Myintzu Zaw

အောင်ထွန်းဦး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...