အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 May, 2013

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်ရဆဲဖြစ်ပြီး မုန်တိုင်း ကျရောက်မည်ကို စိုးရိမ်နေကြ

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ပြီး ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များမှာ လေမုန်တိုင်း ကျရောက်မည်ကို အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

... "အခု နေအိမ်တစ်လုံးမှ ဆောက်လို့ မပြီးသေးဘူး။ အခု တောင်မိုးတွေရွာရင် မိုးမလုံတာနဲ့ လေတိုက်ရင် ရွက်ဖျင်တဲတွေ ပြဲသွားတာနဲ့ တစ်ညလုံး မအိပ်ရပြန်ဘူး။ ကလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းအောက်မှာ သွားနေသူနေနဲ့၊ ဒီလိုပဲ ရွက်ဖျင်တဲထဲမှာ နေရတာပါပဲ။ နေပူတဲ့နေ့တွေဆို ရွက်ဖျင်တဲထဲမှာ မနေနိုင်ကြဘူး။ အခု မုန်တိုင်းလာမယ်ဆိုပြီး သတင်းကြားတယ်။ မုန်တိုင်းလာမယ်ဆိုရင် ကျွန်မတို့ ဘယ်သွားနေရမယ် ဆိုတာ မသိဘူး" ဟု ကင်းချောင်းကျေးရွာ ကယ်ဆယ်ရေး စခန်းမှ ဒေါ်လှသိန်းက ပြောသည်။

"ကျွန်မတို့ရွာမှာက နေအိမ်ဆယ်လုံးလောက်ပဲ ဆောက်ပြီးသေးတယ်။ အားလုံးတော့ ဒီလို ရွက်ဖျင်တဲတွေမှာ နေနေရဆဲပါပဲ။ နေပူရင် ရွက်ဖျင်တဲထဲ မနေနိုင်ဘူး။ မိုးရွာပြန်ရင်လည်း တဲထဲမိုးယိုလို့ ရေပက်ထုတ်နေရတယ်။ အ၀တ်တွေ ရေစို၊ အိပ်ဖို့နေရာကမရှိ ဒုက္ခရောက်ပါတယ်။ အခု နွေမိုးလေးရွာရင် လေတိုက်ရင် တဲတွေ စုတ်ပြဲသွားတယ်။ ဟိုတလောက လေတိုက်တော့ တဲအိမ်ဆယ်လုံးလောက် ပျက်စီးသွားလို့ မိသားစုတွေ ဘုန်းကြီးကျောင်းမှာ သွားနေရတယ်။ အိမ်တွေကလည်း မိုးကျတော့မယ် အခုထိ ဆောက်မပြီးသေးဘူး။ ဒီလိုနဲ့ မိုးရောက်တော့မယ်။ တဲထဲမှာ နေရတာ ခုနစ်လလောက် ရှိပါပြီ။ မုန်တိုင်းလာမယ်လို့လည်း ကြားတယ်။ ဘယ်ကိုပြေးရမယ်မှန်းကို မသိပါဘူး" ဟု သရေကုန်းဘောင် ကယ်ဆယ်ရေးစခန်းမှ မသန်းနုက ပြောသည်။

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများမှာ လက်ရှိအချိန်ထိ နေအိမ်တည်ဆောက် မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။ မောရ၀တီကျေးရွာတွင် နေအိမ် ၁၁၆ လုံးတွင် အားလုံးနီးပါး ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မိသားစုများအား နေထိုင်ခွင့် ပေးပြီးဖြစ်သော်လည်း နေအိမ်လေးလုံးမှာ လက်ရှိအချိန်ထိ တည်ဆောက်မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်သည်။

ထို့အပြင် သရေကုန်းဘောင် ကျေးရွာတွင်လည်း ၁၆ လုံး၊ ဗောဓိကုန်း ကျေးရွာတွင် ၁၀ လုံးသာ ဆောက်လုပ်ပြီးသေးကြောင်း၊ ကင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၆ စုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...