အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 May, 2013

ဖားရိုက်ပြီး ရထားလမ်းပေါ်အိပ်ပျော်နေ၍ ရထားကြိတ်သေဆုံး

၁၁-၅-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားဘူတာနှင့် သိမ်ဆိပ်ဘူတာ မိုင်တိုင်(၁၃၃/၈-၉)ကြား ရထားလမ်းပေါ်တွင် လူ(၂)ဦး ရထားကြိတ်သေဆုံးနေကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပန်းတိမ်ရွာနေသူများဖြစ်သည့် မောင်ချစ်ဆန်းဦး(၁၂)နှစ်တွင် ဦးခေါင်းပြတ်၊ ယာဒူးအထက်မှပြတ်ဒဏ်ရာနှင့် မောင်ထွဋ်ဦး (၁၅)နှစ်တွင် ၀ဲဒူးအောက်မှပြတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ၎င်းတို့(၂)ဦးသည် ရထားလမ်းဘေးတွင် ဖားလိုက်ရိုက်ပြီး ရထားလမ်း ပေါ်တွင် အိပ်ပျော်နေစဉ် ရန်ကုန်-မော်လမြိုင် အမြန်ရထားမှ ကြိတ်သွားခြင်းဖြစ်ကြောင်း သိရသဖြင့် အလောင်းများအား နောင်ကုလားကျေးရွာဆေးရုံသို့ပို့အပ်ပြီး သထုံရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၃ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...