12 May, 2013
တရုတ်ဈေးကွက်အတွင်း ဗီယက်နမ်ဆန် ၀င်ရောက်နေမှုကြောင့် မြန်မာ့ဆန် ၀ယ်ယူမှု လျော့ကျ
မြန်မာ့ဆန်ကို မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများအပြား တင်ပို့လျက်ရှိရာ လက်ရှိကာလ၌ တရုတ်ဈေးကွက် အတွင်းသို့ ဗီယက်နမ်ဆန်များ ၀င်ရောက်နေမှုကြောင့် မြန်မာ့ဆန် ၀ယ်ယူမှု
လျော့ကျနေကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရှိရသည်။
... သို့သော်လည်း ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်ဝင်ရောက်မှု အနေဖြင့်လည်း ယခုတစ်ပတ်အတွင်း သုံးပုံတစ်ပုံခန့်အထိ
လျော့ကျသွားကြောင်း၊ အလားတူ ပြည်တွင်းဆန် ဈေးကွက်မှာ ဆန်ဈေးများ အကြမ်းရော အချောပါ တက်ရိပ်ပြနေသော်လည်း အရောင်းအ၀ယ် အေးလျက်ရှိကြောင်းလည်း ဘုရင့်နောင် ကုန်စည်ဒိုင်၊ တာဝန်ရှိသူများထံမှ သိရှိရသည်။
"ပြည်တွင်းဆန်ဈေး အခြေအနေက အောက်ဘက်မှာ ဈေးတက်ပြီး ဒီမှာ ဈေးအေးနေတယ်။ အရင်က တရုတ်ကို များများ ပို့နေရလို
့ ပြည်တွင်းဈေးတက်တယ်။ အဓိကကတော့ ဗီယက်နမ် နယ်စပ်ကဆန်တွေ တရုတ်ကို ၀င်လာတယ်။ ရထားလမ်းပေါက်တဲ့အတွက် ဈေးသက်သာတော့ ဗီယက်နမ်က ဈေးလျှော့ရောင်းနိုင်တယ်။ ကျွန်တော်တို့ဆီကဆန်က သူတို့ရောင်းတဲ့ ဈေးနူန်းအတိုင်း လိုက်မရောင်းနိုင်ဘူး။ တရုတ်ကလည်း
ဈေးသက်သာတာပဲ ၀ယ်မှာပေါ့။ ဒါကြောင့် ပြည်တွင်းဆန်ဈေးကွက်က အရောင်းအ၀ယ် အေးသွားရတာပါ" ဟု မူဆယ်ဆန်စပါး ကုန်သည် အသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်းက ပြောပါသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်သို့ မေလပထမပတ် အတွင်းက ပုံမှန်အားဖြင့် တစ်နေ့လျှင် ဆန်အိတ်ရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ၀င်ရောက်လေ့ ရှိကြောင်း၊ မေလ ဒုတိယပတ် အတွင်းတွင်မူ ဆန်အိတ်ရေ ၁၀၀၀၀ ၀န်းကျင်သာ ၀င်ရောက်လျက် ရှိကြောင်းလည်း သိရှိရသည်။ ရန်ကုန်မြို့ ၀ါးတန်းလမ်းရှိ ဆန်ကုန်စည်ဒိုင်သို့မူ မေ ၆ ရက်နေ့က စုစုပေါင်း ဆန်အိတ်ရေ (၇၆၃၅၆) အိတ်၊ မေ ၇ ရက်နေ့တွင် (၄၁၂၆၀) အိတ်၊ မေ ၈ ရက်နေ့တွင် (၅၁၈၃၅) အိတ်၊ မေ ၉ ရက်နေ့တွင် (၅၁၅၁၅) အိတ် ၀င်ရောက်ခဲ့သော်လည်း မေ ၁၀ ရက်နေ့တွင်မူ ဆန်အိတ်ရေ (၄၁၇၅၆) အိတ်သာ ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်က ဈေးလျှော့ရောင်းနိုင်တယ်။ ကျွန်တော်တို့ဆီကဆန်က သူတို့ရောင်းတဲ့ ဈေးနူန်းအတိုင်း လိုက်မရောင်းနိုင်ဘူး။ . . . . .
"လတ်တလောမှာ တရုတ်ဘက်က ဈေးလျှော့ဝယ်ချင်တဲ့သဘော ရှိတဲ့အတွက် အ၀ယ်နည်းနေတယ်။ တရုတ်က အ၀ယ်နည်းတော့
ပြည်တွင်းအရောင်းအ၀ယ်လည်း အေးတယ်။ ဒါကြောင့် တရုတ်ဘက်မှာ ၁၀၀၀ လောက် ကျပြီး ပြည်တွင်းဈေးကွက်မှာ ဆန်က ၁၀၀၀ လောက် တက်လာတယ်။ ဘုရင့်နောင်မှာဆိုရင် ဆန်အ၀င် ထက်ဝက်လောက်ကျပြီး ဆန်ဈေးမာနေတယ်။ ဒါပေမယ့် သင်္ဘောတင်မယ့် သူတွေနဲ့ ကုန်သည် အ၀ယ်ကတော့ ပုံမှန်ရှိနေပါတယ်" ဟုလည်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အများဆုံးဖြစ်သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မေလပထမပတ်အတွင်း ကုန်စည်စီးဆင်းမှုမှာ
နှေးကွေးနေပြီး အရောင်းအ၀ယ် အေးလျက်ရှိနေကြောင်း ကုန်သည်များထံမှ
စုံစမ်းသိရှိရသည်။
မူဆယ်ဆန်ဈေးကွက်၌ ဧည့်မထဆန်၊ ဆန်ကွဲ၊ ငစိန်ဆန်၊ ကောက်ညှင်းဆန်
တို့သာ အဓိက အရောင်းအ၀ယ် ဖြစ်နေပြီး မေလ ပထမပတ်အတွင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဆန်တန်ချိန် ၉၈၀၀ ကျော် ၀င်ရောက်လာသော်
လည်း မူဆယ်မြို့တွင်း ဆန်ကုန်စည်ဒိုင်တွင် အရောင်းအ၀ယ်
အေးနေကြောင်း သိရသည်။
Eleven Media Group
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 12
(20)
- ထူးမခြားနား မော်လမြိုင်ဟိုတယ်များ
- ဖားရိုက်ပြီး ရထားလမ်းပေါ်အိပ်ပျော်နေ၍ ရထားကြိတ်သေဆုံး
- မိန်းကလေးတို့အကြောင်း
- ယောက်ျားလေးနဲ့မိန်းကလေးခြားနားချက်
- လိုအပ်နေတဲ့ စာနာစိတ်လေး
- နေ့ခင်းမှာ မျက်လုံးပွင့်ပြီး ညဘက်မှာ မျက်လုံးပိတ်သ...
- *ဟာသမဟုတ်ပါ* ချစ်သောညီမလေးသိပါစေ...........
- ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း
- ရမည်းသင်းမြို့ ရွှေစည်းခုံဘုရားဝင်း အတွင်းရှိ ဖျက်သ...
- အတိတ်မေ့ပြီး...ကျေးဇူးရှင်ကို ကျေးဇူးတင်ရမှန်းမသိေ...
- တရုတ်ဈေးကွက်အတွင်း ဗီယက်နမ်ဆန် ၀င်ရောက်နေမှုကြောင်...
- ပုပ္ပါးတောင်အကြောင်း
- အိန္ဒိယ-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါး ကျပ်ငွေသန်း ...
- WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့်
- အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်
- အက်ဖ်အေဖလားသိမ်းပိုက်ပြီး ၀ီဂန် သမိုင်းသစ်ရေးထိုးန...
- ဗီလာကို ၂ဂိုးသွင်းခဲ့တဲ့ လမ်းပတ် ချဲလ်ဆီးရဲ့ထာဝရဂု...
- မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက...
- ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ
- ဖားကန့်မှ ကျောက်အဝင်နည်းသော်လည်း မဟာအောင်မြေကျောက်...
-
▼
May 12
(20)
-
▼
May
(981)