မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ကလေးတစ်ယောက်မွေးဖွားပေးလျှ င် သိန်း သုံးဆယ် ပေးမည်ဟု လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးအဖွဲ့က သိရှိရသည်။
... “ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ် ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။
ယင်းလူကုန်ကူးမှုကိစ္စရပ်များ ကို
ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ
နိုင်ငံမှအဆင့်မြင့် အရာရှိများ အောက်တိုဘာလအတွင်းတွင် တွေ့ဆုံဆွေးနွေးမည်
ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ သိရှိရသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးေ အဂျင်စီ အဖွဲ့ များက ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကွာဟမှုကြောင့်
မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ
အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅
ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိရှိကြောင်း လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေးအဖွဲ့များက သိရှိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအက်ချက်ဦးရေမှာ သန်း ၂၀၀ လောက်ရှိနေကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဒေါ်လှလှစိုးက ဆိုသည်။
ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးလျှက်ရှိကြောင်း ဒုရဲမှူးကြီး ညွှန့်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း နိုင်ငံတွင် လူကုန်ကူးမှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူးခံရမှုအမျိုးအစားများတွင် အဓမ္မထိမ်းမြား ခြင်းမှာ (၆၀) ရာခိုင်နှုန်း ရှိကြောင်း မြန်မာအစိုးရကဘက်က တရားဝင်ထုတ်ပြန်ထားသည်။
မြစ်မခမီဒီယာ
... “ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ် ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။
ယင်းလူကုန်ကူးမှုကိစ္စရပ်များ
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးေ
တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကွာဟမှုကြောင
လက်ရှိတွင် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအက်ချက်ဦးရေမ
ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးလျှက်ရှိကြောင
မြန်မာနိုင်ငံမှ အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း နိုင်ငံတွင် လူကုန်ကူးမှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူးခံရမှုအမျိုးအစားမျ
မြစ်မခမီဒီယာ